ရှေ့သို့
Image

ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးအသင်းတွင် သူက အမြန်ဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့တဲ့ အူဘာမီးယန်း

3:16 PM, 5 August

ဂါဘွန်တိုက်စစ်မှူးဖြစ်သူ အူဘာမီးယန်းက သူသည် ပြီးခဲ့သည့်ရာသီက ချဲလ်ဆီးအသင်းတွင် အမြန်ဆုံး ကစားသမားဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ ၎င်းသည် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့လာကတည်းက ချဲလ်ဆီးအသင်းအတွက် ၂၁ ပွဲကစား ၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားနိုင်ပြီး စတန်းဖို့ဒ်ဘရစ်ချ်တွင် ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ အိပ်မက်ဆိုးများဖြင့် ကြုံတွေ့ခဲ့ရပါတယ်။

အူဘာမီယန်းသည် နောက်ဆုံးတွင် မာဆေးလ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယခုအခါ မာဆေးလ် အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးအသင်းမှာ သူ့ရဲ့ အချိန်တွေကုန်ဆုံးခဲ့ပြီး အသက် ၃၄ နှစ်ကို ရောက်လာခဲ့ပေမယ့် အမြင့်ဆုံး အဆင့်မှာ ကစားဖို့ အဆင်သင့်ရှိနေသေးကြောင်းပြောကြားခဲ့ပါတယ်။

သူက "ကျွန်တော် အရမ်းကောင်းပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်း လေ့ကျင့်ရေးမှာ အမြန်နှုန်းစံချိန်တင်ခဲ့ပါတယ်။ တစ်နာရီကို ၃၆ ကီလိုမီတာ၊ အခုထိအဲဒီအဆင့်မှာရှိနေသေးပြီး ကျွန်တော် အဆင်ပြေတယ်လို့ ထင်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းသည် လီဂူးဝမ်း သို့ပြောင်းရွှေ့ပြီးနောက် ၎င်း၏ပရော်ဖက်ရှင်နယ်ဘဝကို ပြန်လည်အသက်သွင်းရန် မျှော်လင့်နေပါတယ်။ ၎င်းသည် ပြင်သစ်ပြည်တွင်းပြိုင်ပွဲများတွင် ယခင်က စိန့်အီတီယန်၊ ဒိုင်ဂျွန်၊ လိုင်လီနှင့် မိုနာကိုအသင်းတို့၌ ကစားပေးခဲ့ပြီး ပွဲပေါင်း ၁၂၀ တွင် ၄၁ ဂိုး သွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အူဘာမီယန်းသည် ဗုဒ္ဓဟူးနေ့၌ ချန်ပီယံလိဂ်တတိယအကျော့အဖြစ် မာဆေးလ်အသင်းနှင့် ပါနားတီနိုင်ကို့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေကြောင်းသိရပါတယ်။

#ချဲလ်ဆီး #အူဘာမီယန်း #ပရီးမီးယားလိဂ်