ရှေ့သို့
Image

ချဲလ်ဆီးပရိသတ်တွေ အနေနဲ့ မိမိဆီကနေ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကို ပြောကြားလိုက်တဲ့ အက်ဆဲလ်ဒီဆာဆီ

10:06 AM, 5 August

မိုနာကိုအသင်းထံနေ  ပေါင် ၃၉ သန်းနဲ့ ပြောင်းလာပြီးနောက် ချဲလ်ဆီးအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူချင်နေတယ်လို့ ပြောကြားလိုပါတယ်။ ချဲလ်ဆီးအသင်းဟာ အက်စ်ပီလီကျူတာနဲ့ ကူလီဘာလေတို့ ထွက်ခွာသွားတာကြောင့် နောက်တန်းနေရာအတွက် ပြင်သစ်သားကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဖိုဖာနာကို ဒူးဒဏ်ရာကြောင့် ကာလရှည်လက်လွှတ်ရမယ့်အခြေအနေမှာ ဒီဆာဆီကို ၆ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကစားသမားသစ် ဒီဆာဆီကတော့ အသင်းကို ပြောင်းလာပြီးနောက် အခုရာသီသစ်အတွက် ပစ်မှတ်ထားတာတွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီမှာရှိနေရလို့ အရမ်းပျော်ပါတယ်။ ချဲလ်ဆီးက အသင်းကြီပါ။ ကျွန်တော် ဒီအသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်။ ပြီးတော့ ဒီမှာကြီးမားတဲ့အောင်မြင်မှုတွေ ရယူချင်ပါတယ်။ ဆုဖလားအောင်မြင်မှုတွေ ရယူချင်ပါတယ်။ ကျွန်တော် လာမယ့်ရာသီမှာ အောင်မြင်မှုတွေရယူချင်ပါတယ်။ ပြီးတော့ ကျွန်တော့် ရည်မှန်းချက်ကြီးမားတဲ့သူပါ။ ပရိသတ်တွေကို ဒီခွန်အားတွေပေးဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ကျွန်တော်က  နောက်တန်းကစားသမားဖြစ်တာကြောင့် ဘောလုံးနဲ့ကစားရတာ ကြိုက်သလို နောက်တန်းမှာ အနိုင်ရတာကို ကြိုက်ပါတယ်။  အကောင်းဆုံး နည်းလမ်းက ပြိုင်ဘက်ကစားသမားရဲ့နေရာယူပုံပေါ်မူတည်ပြီး လှုပ်ရှားတာပါ။ ကျွန်တော့်ခြေထောက်ထဲမှာ ဘောလုံးထားရတာကို ကြိုက်သလို ပေးပို့မှုတွေလုပ်ရတာ ကြိုက်ပါတယ်။ ပြီးတော့ ကြားဖြတ်လုယူရတာတွေလည်း ကျွန်တော် ကြိုက်ပါတယ်။ ပြိုင်ဘက်ကိုလည်း ခန္ဓာကိုယ်သုံးပြီး ကြမ်းကြမ်းတမ်းတမ်း ကစားရတာ ကြိုက်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက တိုက်စစ်မှူးတစ်ဦးအနေနဲ့ စတင်ခဲ့တာပါ။ ကျွန်တော် ကြီးလာချိန်မှာတော့ နောက်တန်းကစားသမားဖြစ်လာခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်အနေနဲ့ ဘယ်နောက်ခံလူအဖြစ် ကစားပါတယ်။ ညာလည်းရသလို ဗဟိုခံစစ်ဘယ်နေရာမှာလည်း ကစားနိုင်ပါတယ်။ နိုင်ငံအသင်းမှာတော့ ညာနောက်ခံလူအဖြစ် ကစားတာပါ”လို့ ဒီဆာဆီက ပြောကြားခဲ့ပါတယ်။

ဒီဆာဆီတစ်ယောက် တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ပွဲမှာ ပထမဆုံး ပါဝင်လာဖွယ်ရှိနေပါတယ်။

#မိုနာကို #ချဲလ်ဆီး #ပရီးမီးယားလိဂ် #ဒီဆာဆီ