ရှေ့သို့
Image

အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ အာစင်ဝင်းဂါး ယုံကြည်နေ

10:02 AM, 5 August

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက သူ့အနေနဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပျော်ရွှင်နေပြီး လာမယ့်ရာသီချန်ပီယံဆု စိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ၃၈ ပွဲမှာ ၈၄ မှတ်ရယူနိုင်ခဲ့ပြီး မန်စီးတီးနဲ့ ၅ မှတ်ကွာဟခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အခုနွေရာသီမှာ ဒီကလန်ရိုက်စ် ၊ ကိုင်ဟားဗက်ဇ်နဲ့ တင်းဘားတို့ကို ခေါ်ယူထားပြီးဖြစ်သလို အပြောင်းအရွှေ့မပိတ်ခင် နောက်ထပ်ခေါ်ယူမှုတွေ ထပ်လုပ်ဦးမှာဖြစ်ကာ ဒေးဗစ်ရာယာနဲ့ မိုဟာမက်ကူဒက်စ်တို့ပို ထပ်မံခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး အခုရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်သူဖြစ်လာနိုင်တယ်လို့ ဝင်းဂါးက ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကန်ရမှာ ဖြစ်ပြီး အဲ့နောက် သြဂုတ်လ ၁၂ ရက်နေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ကန်ရမှာဖြစ်ပါတယ်။

“မီခေးလ်က အကောင်းဆုံးလုပ်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူမှန်ကန်တဲ့ဆုံးဖြတ်ချက်လည်း လုပ်နိုင်သလို အသင်းကိုလည်း စုစည်းနိုင်ပါတယ်။ အခုဆို ချန်ပီယံဆုတောင် စိန်ခေါ်နိုင်နေပါပြီ။ ပြီးခဲ့တဲ့နှစ်က လုပ်နိုင်ခဲ့သလို အခုနှစ်လည်း လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၈ ပွဲပဲ လိုအပ်တော့တာပါ။ သူတို့လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် အမြဲတမ်းခံစားရပါတယ်။ ဒီနှစ်မှာလည်း သူတို့ကစားသမားအင်အားဖြည့်တင်းထားသလို ခေါ်ယူခဲ့တဲ့ ၃ ယောက်အတွက်လည်း ကျွန်တော် အရမ်းပျော်ပါတယ်။ သူတို့က ချန်ပီယံဆုစိန်ခေါ်နိုင်ပါလိမ့်မယ်”လို့ အာစင်းက ပြောကြားခဲ့ပါတယ်။

ဝင်းဂါးဟာ အာဆင်နယ်မှာ ဆယ်စုနှစ် ၂ ခုကြာဖြတ်သန်းခဲ့ပြီး မကြာသေးခင်က ရုပ်ထုဖွင့်ပွဲကြောင့် အာဆင်နယ်ကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး အမ်းမရိတ်ကွင်းအပြင် သူ့ရုပ်ထုကို ထွက်ကြည့်ခဲ့သေးတာဖြစ်ပါတယ်။

#အာဆင်နယ် #အာစင်ဝင်းဂါး #ပရီးမီးယားလိဂ်