ရှေ့သို့
Image

ဂျီးဆပ် ဒဏ်ရာပြဿနာနဲ့ ကြုံနေရပေမယ့် ဘာလိုဂန်အတွက် ဆုံးဖြတ်ချက်ကို ပြောင်းလဲမှာ မဟုတ်ကြောင်းပြောလိုက်တဲ့ အာတီတာ

1:49 PM, 4 August

အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဆပ်အနေနဲ့ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်နဲ့ လွဲချော်နေပေမယ့် ဘာလိုဂန်နဲ့ ပတ်သက်ပြီး ကလပ်ရဲ့ အစီအစဉ်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ အာတီတာက ပြောခဲ့ပါတယ်။

ဂန်းနားတွေဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အမေရိကန်လက်ရွေးစင် ဘာလိုဂန်အား ရောင်းချဖို့ အပြင်းအထန် ချိတ်ဆက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့သည့်ရာသီက ရိမ်းစ်အသင်း တွင်အငှားဖြင့်သွားရောက်ကစားခဲ့သော အသက် ၂၂ နှစ်အရွယ် ကစားသမားသည် ပုံမှန်ပထမအသင်းဘောလုံးတွင် ပါဝင်လိုကြောင်း ရှင်းလင်းပြတ်သားစွာပြော ကြားခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ ၎င်းကို ရောင်းချဖို့သာကြိုးစားနေခဲ့တာပါ။ လက်ရှိအချိန် ဘရာဇီးအသင်းနှင့် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဂျီးဆပ် ဟာ ဒူးဒဏ်ရာပြဿနာကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ထို့ကြောင့် ဂျာနယ်လစ်တစ်ဦးက အဆိုပါ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ကို အာဆင်နယ်အသင်းအနေနဲ့ ဆက်ထိန်းသိမ်းထားမလားဟု မေးမြန်းခဲ့ရာ အာတီတာက “ဘာလိုဂန်အတွက် အစီအစဉ်က လုံးဝမပြောင်းလဲပါဘူး၊ ဒါပေမယ့် ကံမကောင်းတာက ဂျီးဆက်က ကျွန်တော်တို့နဲ့အတူအချိန်တစ်ခုထိရှိမှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ မတူညီတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေနဲ့ ကစားဖို့ တခြားရွေးချယ်စရာတွေ ရှိတာကြောင့် အသင်းကို လိုက်လျောညီထွေဖြစ်အောင် လုပ်သွားမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ထပ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ နကီတီယာ သည် ဗုဒ္ဓဟူးနေ့က မိုနာကိုနှင့် ၁ဂိုးစီဖြင့် သရေကျခဲ့သော အမ်းမရိတ်ဖလားပွဲတွင် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်သွားခဲ့ပြီး ၎င်းသည် အာတီတာအတွက် နောက်ထပ် ထူးခြားသော ရွေးချယ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် ဘာလိုဂန်က မပါဝင်ခဲ့ပေမယ့် နန်းဘတ်၊ မေဂျာလိဂ်အောစတားတို့နှင့် ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲများအတွင်း အာဆင်နယ်အသင်းအတွက်ပါဝင်ကစားခွင့်ရတာကို မြင်တွေ့ခဲ့ရပါတယ်။

ဘာလိုဂန်ဟာ လာမယ့်အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်မှာ အာဆင်နယ်အသင်းမှ ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ စီးရီးအေဘီလူးကြီး အင်တာမီလန်အသင်းဟာ အဆိုပါ စိတ်ဝင်စားမှုနည်းသွားပေမယ့် သူ့ကို ဂျူဗင်တပ်စ်၊ လိုက်ပ်ဇစ်၊ မာဆေးလ်နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ် #ဘာလိုဂန်