ရှေ့သို့
Image

ကိုင်ဆီဒိုကို လာမယ့်ရာသီအသင်းမှာ ဆက်ရှိဖို့ မျှော်မှန်းထားတဲ့ ဘရိုက်တန်

10:21 AM, 4 August

ဘရိုက်တန်အသင်းဟာ ကွင်းလယ်လူ ကိုင်ဆီဒိုကို လာမယ့်ရာသီ အသင်းမှာ ဆက်ရှိဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

ကွင်းလယ်လူကို လီဗာပူးနဲ့ ချဲလ်ဆီးတို့ထံက ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လန်ဒန်ကလပ်ကတော့ ကမ်းလှမ်းမှုတွေ ဆက်တိုက်ပြုလုပ်လျက် ရှိနေပါတယ်။ ချဲလ်ဆီးအသင်းက ကိုင်ဆီဒိုကို လေးကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး နောက်ဆုံးတစ်ခေါက် ကမ်းလှမ်းမှုက ပေါင်သန်း၈၀အထိ ရှိခဲ့ပါတယ်။

အသက်၂၁နှစ်သားဟာ ဇန်နဝါရီလကမှ ဘရိုက်တန်နဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပေမယ့် ဒီနွေရာသီမှာ အသင်းက ထွက်ခွာနိုင်တယ်လို့ နည်းပြဒီဇာဘီကိုယ်တိုင်က ဝန်ခံထားခဲ့ပါတယ်။ စကိုင်းစပေါ့ကတော့ ဘရိုက်တန်ဟာ သူတို့တောင်းဆိုထားတဲ့ ပေါင်၁၀၅သန်း ပြောင်းရွှေ့ကြေးကို မရရှိတာကြောင့် အပြောင်းအရွှေ့ရာသီပိတ်ချိန်အထိ ကွင်းလယ်လူကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

ချဲလ်ဆီးနဲ့အပြောင်းအရွှေ့ညှိနှိုင်းမှုတွေအတွင်း ကိုင်ဆီဒိုရဲ့ အပြုအမူတွေအပေါ် ဘရိုက်တန်က ကျေနပ်နေပြီး အသင်းမှာ ဆက်ထားဖို့ ဆန္ဒရှိနေပါတယ်။

#ဘရိုက်တန် #ပရီးမီးယားလိဂ် #ကိုင်ဆီဒို