ရှေ့သို့
Image

ဒမ်ဘီလီရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို ထည့်သွင်းခဲ့ပေမယ့် ဘာစီလိုနာ ပယ်ချ

9:34 AM, 4 August

ပီအက်စ်ဂျီအသင်းဘက်က ဒမ်ဘီလီရဲ့အပြောင်းအရွှေ့အတွက် အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို အငှားချဖို့ထည့်သွင်းခဲ့ပေမယ့် ဘာစီလိုနာက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်သားဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ နီးစပ်နေပြီး ပေါင် ၄၃ သန်းနဲ့ မိခင်မြေကိုပြန်တော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီနဲ့ ဘာပေတို့ အနေအထားကြောင့် တိုက်စစ်ပိုင်းအတွက် ဈေးကွက်ထဲမှာ ကစားသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီဟာ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါအပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းအဖြစ် နေမာကို တစ်ရာသီအငှားချဖို့လည်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းက နေမာကို ပြန်လည်ခေါ်ယူချင်စိတ်မရှိပဲ အဓိကပြဿနာက ဘဏ္ဍာရေး အခြေအနေကြောင့်ဖြစ်သလို အသက် ၃၁ နှစ်အရွယ်ဒဏ်ရာပြဿနာကစားသမားဖြစ်နေတာကြောင့်လည်း မခေါ်ယူချင်နေတာဖြစ်ပါတယ်။

နေမာဟာ ဘာစီလိုနာမှာ ၂၀၁၃ ကနေ ၂၀၁၇ အထိ ၄ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်တု့ိနဲ့တူ ၁၀၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ပီအက်စ်ဂျီအသင်းထံ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ပြင်သစ်မြေမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး အခုအပြောင်းအရွှေ့မှာ ဥရောပအသင်းတော်တော်များများက ချိတ်ဆက်နေတာဖြစ်ပါတယ်။

#ဘာစီလိုနာ #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဒမ်ဘီလီ