ဇနီးသည်ဖြစ်သူ ကိုယ်ဝန်ပျက်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာရွန်ရမ်စ်ဒေးလ်
9:14 AM, 4 August
အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးလ်က ချန်ပီယံဆုတိုက်ပွဲဝင်နေစဉ်အတွင်း ဇနီးသည်ဖြစ်သူရဲ့ ကိုယ်ဝန်ပျက်ကျမှုအကြောင်း ဝမ်းနည်းဖွယ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်း အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ရမ်စ်ဒေးလ်ရဲ့ဇနီးသည် ဂျော်ဂျီနာအာဝင်က ကိုယ်ဝန်ပျက်ကျခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ပထမဆုံးကမ္ဘာ့ဖလားကနေ ပြန်လာချိန် အာဆင်နယ်က အမှတ်ပေးဇယားကို ဦးဆောင်နေချိန်မှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ပထမဆုံး ကလေးရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ မီခေးလ်က ကျွန်တော့်ကို နားရက်အပိုပေးပါတယ်။ ဒါကြောင့် နားရက်မှာ ကျွန်တော် အိမ်ကိုပြန်ခဲ့ပေမယ့် ကျွန်တော့်ဇနီးသည်က ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့အတွက် ကျွန်တော့်နာကျင်မှုကို မဖော်ပြနိုင်ခဲ့သလို လန်ဒန်ကိုပြန်လာချိန်မှာ ကျွန်တော် ၆ နာရီလောက် လေယာဉ်စီးခဲ့ရပါတယ်။ အခုတော့ ကျွန်တော်လူတွေကို နားလည်လိုက်တာက သူတို့က တစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါ။ ကျွန်တော် ပြန်လာချိန်မှာ လူတော်တော်များများကို ဘာဖြစ်ခဲ့လဲဆိုတာ မပြောခဲ့ပါဘူး။ ကျွန်တော့်မိသားစု ၊ အသင်းဖော်တွေ နဲ့ မီခေးလ်ပဲသိပါတယ်”လို့ ရမ်စ်ဒေးလ်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အာတီတာရဲ့တုံ့ပြန်မှုအပေါ်လည်း ရမ်စ်ဒဲလ်က “သူ(အာတီတာ)က တကယ်ကောင်းပါတယ်။ ချန်ပီယံဆုအတွက် ရာသီအလယ်မှာ အသင်းက ဖိအားတွေပိနေချိန်မှာတောင် သူက ကျွန်တော့်ကို အနားယူမလားလို့ မေးခဲ့ပါတယ်။ အာတီတာ လုပ်ဆောင်ပေးခဲ့တာက ကျွန်တော်ကော ကျွန်တော့်မိသားစုအတွက်ပါ အဆင်ပြေစေပါတယ်။ ကျွန်တော့်အတွက် ဒါကမန်နေဂျာပါ”လို့ ရမ်စ်ဒေးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ၃ ရက်အကြာမှာ တော့တင်ဟမ်နဲ့ကစားခဲ့ရပြီး ၂-၀ နဲ့ အနိုင်ရခဲ့ကာ ရမ်စ်ဒေးလ်တစ်ယောက် ပွဲအပြီးမှာ တော့တင်ဟမ်ပရိသတ်တစ်ဦးရဲ့ ကန်ကျောက်ခြင်းကို ခံခဲ့ရပါတယ်။ ရမ်စ်ဒေးလ်တစ်ယောက် မကြာသေးခင်တုန်းက သူ့ဇနီးသည်း ဂျော်ဂျီနာမှာ ကိုယ်ဝန်လွယ်ထားရပြီလို့ လူမှုမီဒီယာကနေ အသိပေးခဲ့ပါတယ်။