ရှေ့သို့
Image

အာဆင်နယ်တိုက်စစ်ကို ဦးဆောင်ဖို့ အသင့်ဖြစ်နေပြီလို့ အန်ကီတီယာ အခိုင်အမာပြောကြား

8:54 AM, 4 August

အာဆင်နယ်တိုက်စစ်မှူး အန်ကီတီယားက ဂျီးဆပ်စ်ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းတိုက်စစ်ကို ဦးဆောင်ဖို့ အသင့်ဖြစ်နေပြီလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ဒဏ်ရာအခြေအနေကြောင့် မိုနာကို အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

အာတီတာက ဂျီးဆပ်စ်ဟာ တူညီတဲ့နေရာကပဲ ဒူးဒဏ်ရာအခြေအနေပြန်ဖြစ်လာခဲ့ပြီး ခွဲစိတ်မှုအသေးစားခံယူခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အဆိုပါဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ပွဲတွေကို လွဲချော်ခဲ့ပြီး အန်ကီတီယာက ဦးဆောင်ခဲ့ကာ ၉ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်သားဟာာ မိုနာကိုအသင်းနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာခဲ့သလို ရာသီသစ်မှာလည်း တူညီတဲ့ အနေအထားမျိုးဦးဆောင်နိုင်လို့ အလိုရှိနေပါတယ်။ ၂၀၁၇ တုန်းက အာဆင်နယ်အတွက် ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး နည်းပြဟောင်း ဝင်းဂါးက ယုံကြည်မှုပေးအပ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဝင်းဂါးလက်အောက်မှာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။ သူနဲ့စကားပြောရတာ ကောင်းပါတယ်။ အဲ့ကတည်းက အဝေးကြီးလာခဲ့ရတာဖြစ်ပြီး ဂုဏ်ယူမိပါတယ်။ အဲ့တာက အံ့သြဖို့ကောင်းသလို ရွေးချယ်တဲ့နေရာမှာလည်း အမြဲတမ်းကောင်းပါတယ်။ သူက ဉာဏ်ကြီးရှင်ပါ။ ကျွန်တော်တို့ကိုတွေ့ဖို့ သူလာနိုင်တဲ့အတွက် အရမ်းပျော်မိပါတယ်။ မှန်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက နေရာရခဲ့ပေမယ့် ကျွန်တော် ဘယ်သူ့နေရာကိုမှဖြည့်နေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော် ဒီမှာရှိနေတာက အသင်း အတွက်ကစားပေးဖို့ဖြစ်သလို အသင်းကိုလည်း ကူညီပေးချင်တာကြောင့်ပါ။ ကျွန်တော့်စွမ်းရည်ကို ကျွန်တော်ယုံပါတယ်။ ပြီးတော့ အကူအညီပေးနိုင်မယ်ဆိုတာလည်း သိပါတယ်”

“ပြီးခဲ့တဲ့ရာသီတုန်းက တိုးတက်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းနှစ်သက်မိပါတယ်။ ပွဲကြီးအချို့မှာ ကျွန်တော်ကစားခွင့်ရခဲ့ပြီး အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီလိုအသင့်ဖြစ်နေလို့ ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူသလို နည်းပြအလိုရှိတဲ့အတိုင်းကစားဖို့ အသင့်ပါပဲ။ အသင်းကို ကူညီနိုင်ဖို့ ကျွန်တော်အကောင်းဆုံးလုပ်မှာပါ။ နည်းပြအတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို ကျွန်တော့်ကို သူခေါ်ချိန်မှာလည်း ကျွန်တော်က အသင်းကို ကူညီပေးနိုင်မယ်ဆိုတာ သူသိပါတယ်။ မကြာခင်မှာ ဂျီးဆပ်စ်ပြန်လာမှာပါ။ သူ့ကိုလိုအပ်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားပါ။ နည်းပြဘာပဲလုပ်လုပ် ကျွန်တော်တို့အားလုံးက အသင်းကို ကူညီပေးချင်ကြတာပါ”လို့ အန်ကီတီယာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #အန်ကီတီယာ #ပရီးမီးယားလိဂ်