ရှေ့သို့
Image

အရန်ဂိုးသမား နသန်ဘစ်ရှော့အား ဆန်းဒါးလန်းအသင်းကို ရောင်းချလိုက်တဲ့ ယူနိုက်တက်

10:53 AM, 3 August

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲအတွင်း ပုံစံကောင်းရရန် ပြင်ဆင်မှုတွေပြု လုပ်နေပြီး အတိုင်းအတာ တစ်ခုအထိ ပုံစံကောင်းရလာတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဂိုးသမားနေရာအတွက် အိုနာနာကိုခေါ်ယူပြီးဖြစ်ပေမဲ့ နသန်ဘစ်ရှော့အား ဆန်းဒါးလန်းအသင်းကို ရောင်းချကာ အရန်ဂိုးသမား ထပ်မံရှာဖွေနေတာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဝရက်စ်ဟမ်းအသင်းတို့ ခြေစမ်းကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ဘစ်ရှော့အနေဖြင့် ဝင်ရောက်ကစားခွင့်ရထားခဲ့ပြီး ဝရက်စ်ဟမ်းအသင်းက တိုက်စစ်ကစားစဉ် လျှံထွက်လာတဲ့ ဘောလုံးကို ထွက်ဆွဲရာမှာ ဝရက်စ်ဟမ်း တိုက်စစ်ကစားသမား ပေါမူလင်ကို လက်သီးနဲ့ ထိုးခဲ့မိတာကြောင့် မူလင်အတွက် အချိန်တစ်အခုအကြာ အနားယူရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကဝါရင့်ဂိုးသမားဒီဂီယာရဲ့ နေရာတွင် ပွဲထွက်ကစားသမားအဖြစ် ထိပ်တန်းဂိုးသမားတစ်ဦးကို ခေါ်ယူရန် အချိန်အတန်ကြာ လုပ်ဆောင်ခဲ့ရပြီး အင်တာမီလန်အသင်းနဲ့အတူပုံစံကောင်းပြသထားတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို ခေါ်ယူရေး အမှန်တကယ်အထမြောက်ခဲ့ပေမဲ့ အရန်ဂိုးသမားနေရာတွက် ဂိုးသမား ထပ်မံရှာဖွေနေသေးတာလည်း ဖြစ်ပါတယ်။

ဥရောပထိပ်တန်းကလပ် မန်ချက်စတာယူနိုက်တက်အသင်းပါအဝင် နော်တင်ဟမ်ဖော်ရက်စ်အသင်းနဲ့ နန့်တက်စ် အသင်းတို့ကလည်း နယူးအင်္ဂလန်ရီဗော်လူးရှင်းဂိုးသမား ပက်ထရိုဗစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားက ကလပ်အသင်းနဲ့ လေ့ကျင့်မှုအစီအစဉ်မှ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ အရန်ဂိုးသမားနေရာအတွက် ယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ ပက်ထရိုဗစ်က မေဂျာလိဂ်ကလပ်အသင်းတွက် ပွဲပေါင်း ၂၃ပွဲကစားပေးထားရာမှာ ပေဂိုးမဲ့ပွဲ ၇ပွဲအထိ ဖော်ဆောင်ပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကြီးတွင် နေရာရရန် ဘစ်ရှော့အနေဖြင့် ခက်ခဲနေချိန် ဆန်းဒါးလန်းအသင်းက ခေါ်ယူရန် ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရခဲ့သလို ကစားသမားအနေဖြင့် ဆန်းဒါးလန်း အသင်းတွင် ၃နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ချက်ဂိုးသမား ကိုဗာကို အငှားချရန် လုပ်ဆောင်နေသလို နသန်ဘစ်ရှော့ကိုပါ ရောင်းချခဲ့တာကြောင့် အရန်ဂိုးသမား တစ်ဦးကို မဖြစ်မနေ ပြန်လည် ရှာဖွေသွားရနိုင်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဆန်းဒါးလန်း #ဘစ်ရှော့