ရှေ့သို့
Image

အာဆင်နယ်စတား ပီပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘက်ဆစ်တက်

10:47 AM, 3 August

သတင်းတွေအရ တူရကီကလပ် ဘက်ဆစ်တပ်စ်  အသင်းဟာ အာဆင်နယ်စတား နီကိုလက်စ်ပီပီကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်သားဟာ ၂၀၁၉ တုန်းက လိုင်လီအသင်းထံကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပီပီဟာ ပြီးခဲ့တဲ့ရာသီတုန်းက နိုက်စ်အသင်းထံ အငှားမထွက်ခင် အာဆင်နယ်မှာ ၃ ရာသီကစားခဲ့ပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုရဲ့အဆိုအရ အိုင်ဗရီကို့စ်သားကို တူရကီကလပ် ဘက်ဆစ်တက် အသင်းက ခေါ်ယူချင်နေပြီး ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ပီပီရဲ့အာဆင်နယ်နဲ့စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး အာဆင်နယ်ကတော့ နည်းပါးတဲ့ပြောင်းရွှေ့ကြေး ဒါမှမဟုတ် စာချုပ်ဖျက်သိမ်းဖို့ ပြင်ဆင်နေပါတယ်။ ပီပီဟာ အာဆင်နယ်အသင်းရဲ့ရာသီကြိုခရီးစဉ်တွေမှာလည်း မပါဝင်ခဲ့ပဲ အာတီတာက အလျင်အမြန်ရောင်းထုတ်ဖို့ ပြင်ဆင်လာပါတယ်။

“လက်ရှိအချိန်မှာတော့ သူက ဒဏ်ရာပြဿနာကြောင့် ပြန်လည်ကုသမှုခံယူနေရပါတယ်။ ဒါကြောင့် သူဒီမှာမရှိနေတာပါ။ သူအငှားထွက်ကစားခဲ့ပြီး အငှားကနေပြန်လာချိန်မှာ ပိုကောင်းတာမျိုးလိုချင်တာပါ။ ကျွန်တော်တို့ ပြန်လာချိန်မှာတော့ အစီအစဉ်အပြင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
#ပီပီ #အာဆင်နယ် #အပြောင်းအရွှေ့ #ဘက်ဆစ်တက်