ရှေ့သို့
Image

ဘရိုက်တန်အသင်းကနေ ထွက်ခွာရန် ဆန္ဒရှိတဲ့အကြောင်း အရိတ်အမြွတ် ထုတ်ပြောလိုက်တဲ့ ကိုင်စီဒို

2:04 PM, 2 August

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့အတူ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် ထိပ်တန်းကစားသမားအချို့ကို တန်ကြေးမြင်မားစွာ ပေးချေခေါ်ယူထားခဲ့ပေမဲ့ ရလဒ်ပိုင်း မကောင်းခဲ့ဘဲ လူများပြီး ပွဲမစည်ဖြစ်ခဲ့တာကြောင့်  စီနီယာကစားသမား အချို့ကို ရောင်းထုတ်ခဲ့အပြီးမှာ ကွင်းလယ်ပိုင်းအတွက် ကိုင်စီဒိုအား ကြိုးပမ်းနေချိန်မှာ ကစားသမားဘက်က မီးစိမ်းပြလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အဓိက အားထားကစားခဲ့ရတဲ့ စီနီယာကွင်းလယ်ကစားသမာတွေဖြစ်တဲ့ ကန်တေ၊ မေဆင်မောင့်၊ ကိုင်ဟားဗက်ဇ်၊ ကိုဗာဆစ်တို့အပါအဝင် ကစားသမားအချို့ ရောင်းထုတ်ထားခဲ့တာကြောင့် လူစာရင်းထပ်မံဖြည့်တင်းရန် အရေးပေါ်လိုအပ်နေကာ ကိုင်စီဒိုအား အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး အပြောင်းအရွှေ့လုပ်ဆောင်မှုက ကြံ့ကြာနေချိန်မှာ ဘရိုက်တန်အသင်းရဲ့ ဆုပေးပွဲအခမ်းအနားတွင် ကိုင်စီဒိုအနေဖြင့် ကစားသမားတွေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု လက်ခံရင်း ထွက်ခွာရန် ဆန္ဒရှိတဲ့အကြောင်း အရိတ်မြွတ်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဘရိုက်တန် အသင်းနဲ့အတူ လုပ်အားနှုန်းကောင်းကောင်းဖြင့် မာကျောတဲ့ ကစားဟန်ပြသနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ကိုင်စီဒိုအတွက် ချဲလ်ဆီးအသင်းက အပြာင်းအရွှေ့ကာလတစ်လျှောက် ဆွေးနွေးလာခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ကွင်းလယ်ပိုင်းအတွက် ကိုင်စီဒိုအား ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေတာဖြစ်ပေမဲ့ နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းက အဓိကပွဲထွက်ကစားသမား ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး မြင့်မားစွာတောင်းဆိုထားပြီး ပေါင် သန်း ၁၀၀အထိပါ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းရဲ့ ဆုချီးမြင့်ရေးအခမ်းအနားတွင် ကိုင်စီဒိုက“အရာရာတိုင်းအတွက် ဒီမှာရှိတဲ့သူတွေအားလုံးကို ကျေးဇူးတင်စကားဆိုပါရစေ။ အဓိကအနေနဲ့ ပွဲစဉ်တိုင်းမှာ ကျွန်တော့်ကို အထူးအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့် ကျွန်တော် ပျော်ရွှင်ရပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘရိုက်တန် #အပြောင်းအရွှေ့ #ကိုင်ဆီဒို