ရှေ့သို့
Image

သူ့ရဲ့ချန်ပီယံလိဂ်ဖိုင်နယ်သွင်းဂိုးကို အကြိမ် ၅၀၀၀ ကြည့်ဖြစ်ခဲ့ကြောင်း ရိုဒရီ ဟာသလုပ်ပြောကြား

3:05 PM, 1 August

မန်စီးတီးရဲ့ဖလား ၃ လုံးဟီးရိုးဖြစ်သူ ရိုဒရီက အစ္စတန်ဘူလ်မှာ သူ့ရဲ့ဘဝကို ပြောင်းလဲနိုင်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

အသက် ၂၇ နှစ်သားဟာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။


အာရှခရီးစဉ်အပြီးမှာ စီးတီးဟာ အိမ်ကိုပြန်ရောက်လာခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာက အသင်းသားတွေကို ယခင်အတိတ်ကဟာတွေကို မေ့ပစ်ရမယ်လို့ သတိပေးခဲ့ပါတယ်။

ရိုဒရီက အိမ်ကိုရောက်ချိန်မှာ တူရကီမြေမှာ သူသွင်းယူခဲ့တဲ့ဂိုးနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော့်သွင်းဂိုးကို အကြိမ် ၅၀၀၀ လောက် ကျွန်တော်ကြည့်ခဲ့ပါတယ်။ စပိန် ၊ အင်္ဂလိပ် ၊ ဂျာမန် ၊ အီတလီစတဲ့ဘာသာစကားတွေနဲ့ ကြည့်ဖြစ်ခဲ့ပါတယ်။ 


အဲ့တာက  အထူးစပယ်ရှယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ဒီလိုအခိုက်အတန့်တွေကို ပျော်ရွှင်ရတာကလည်း ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။ အထူးသဖြင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးအနေနဲ့ပါ။

အခုတော့ ကျွန်တော့်သီချင်းကို ပရိသတ်တွေသီဆိုနေကြပါတယ်။ ဒါတေကြာင့် ဒီအခိုက်အတန့်က ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်အေးအေးထားနိုင်ဆဲလို့ ကျွန်တော်မျှော်လင့်ပါတယ်။ 

ပြီးခဲ့တဲ့လအနည်းငယ်က ဖြစ်ပျက်ခဲ့တာကို ရပ်တန့်ကြည့်ရတာကို ကျွန်တော်ကြိုက်ပါတယ်။ အရာအားလုံးက အလျင်အမြန်ဖြစ်ပျက်နေတာပါ”လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။ 


ရိုဒရီက ဖိုင်နယ်ပွဲစဉ်မှာ သူ့အနေနဲ့ အခုလိုပြသနိုင်ဖို့ ဖိအားအောက်ရောက်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဟီးရိုးမဖြစ်ခင် ပုံမှန်မဟုတ်တဲ့ကစားပုံကြောင့် ဂွါဒီယိုလာရဲ့ကြိမ်းမောင်းမှုကို ခံရကြောင်း ပြောကြားလိုက်ပါတယ်။

“ကျွန်တော် အသင်းအတွက် ဘာယူဆောင်လာနိုင်လဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်ပါဘူး။ ဖိုင်နယ်မှာ အသင်းတစ်သင်းအနေနဲ့ မင်းဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်လိုအပ်ပါတယ်။


နည်းပြကလည်း ဒီလိုအခိုက်အတန့်မှာ ရှေ့ကိုတက်ဖို့ တိုက်ရိုက်ပြောကြားပါတယ်။ ဒီလိုအခိုက်အတန့်မှာ မင်းအနေနဲ့ သန်မာဖို့ လိုအပ်သလို အသင်းကျရှုံးချိန်မှာလည်း ဝေဖန်မှုတွေကို လက်ခံနိုင်ရပါမယ်။

အောင်မြင်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တောာ် ပြုံးနိုင်ပါပြီ။ တစ်ခါတလေမှာ အသင်းအတွက် ၊ အသင်းဖော်တွေအတွက် လူတိုင်းအောင်ပွဲခံတာကို မြင်ရချိန်မှာ ကျွန်တော် ပျော်သလို ခံစားရပါတယ်”လို့ ရိုဒရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ရိုဒရီ #ပရီးမီးယားလိဂ်