ရှေ့သို့
Image

မိုနာကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင် ဒီဆာဆီကို ယူရို ၄၅သန်း ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

10:21 AM, 31 July

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့ အတူ ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် ရလဒ်ပိုင်း မကောင်းခဲ့တဲ့ ချဲလ်ဆီးအသင်းက စီနီယာ ကစားသမား အချို့ကို ရောင်းထုတ်ခဲ့အပြီးမှာ တိုက်စစ်ပိုင်းအတွက် ပြင်ဆင်နေသလို ကြံ့ခိုင်မှုအားနည်းနေတဲ့ ဖိုဖာနာရဲ့ နေရာအတွက် မိုနာကိုအသင်းရဲ့ နောက်တန်းမှာ အထူးခြေစွမ်းပြကစားနေတဲ့ အက်ဇယ်လ်ဒီဆာဆီကို ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အဓိက အားထားကစားခဲ့ရတဲ့ စီနီယာကစားသမာတွေ ဖြစ်တဲ့ ကန်တေ၊ မေဆင်မောင့်၊ ကိုင်ဟားဗက်ဇ်၊ ကိုဗာဆစ်၊ ကူလီဘာလေ တို့အပါအဝင် ကစားသမားအချို့ ရောင်းထုတ်ထားခဲ့တာကြောင့် လူစာရင်းထပ်မံဖြည့်တင်းရန် အရေးပေါ်လိုအပ်နေချိန်မှာ ဒီဆာဆီကို ခေါ်ယူလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက မောင့်ပယ်လီယာ အသင်းတွင် ယခုရက်ပိုင်းအတွင်းမှာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအတွင်း အထူးတလည် ခြေစွမ်းပြပြီး သွင်းဂိုး ၁၉ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ဝါဟီအတွက် ကနဦးကမ်းလှမ်းမှုအဖြစ် ယူရို ၂၇.၅သန်းဖြင့် ကမ်းလှမ်းခဲ့ထားပေမဲ့ ပယ်ချခံထားရတာ ဖြစ်ပါတယ်။

ဒီဆာဆီက အသက် ၂၅နှစ်အရွယ်ဖြစ်တာကြောင့် ကစားသမားတစ်ယောက်အတွက် ခြေစွမ်းထက်နေတဲ့ အချိန်ဖြစ်သလို ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် လီဂူဝမ်းကလပ် အတွက် ပေးဂိုး ၄၇ဂိုးသာ ခွင့်ပြုပေးထားခဲ့ရတဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက ယခုရာသီကြို အပြောင်းအရွှ့ကာလအတွင်း ပြောင်းရွှေ့ကြေးမြင့်ကစားသမားအဖြစ် အန်ကွန်ကူကို ပေါင် ၅၃သန်းဖြင့် ခေါ်ယူထားခဲ့သလို ယခုတစ်ခေါက် ပြင်သစ်နောက်တန်းကစားသမား ဒီဆာဆီကိုလည်း ယူရို ၄၅သန်းပေးချေ ခေါ်ယူလိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
#မိုနာကို #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဒီဆာဆီ