ရှေ့သို့
Image

လာဇီယိုဥက္ကဌက စိတ်ဝင်စားသော်လည်း ဖရက်ဒ်ကို ခေါ်ယူခွင့်အား ငြင်းပယ်ခဲ့တဲ့ ဆာရီ

11:33 AM, 30 July

လာဇီယိုဥက္ကဌ လိုတီတိုက စိတ်ဝင်စားနေသော်လည်း ယခုနွေရာသီတွင် ယူနိုက်တက်မှ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူဖို့ အခွင့်အရေးကို ဆာရီက ပယ်ချခဲ့ပါတယ်။


Il Messaggero ရဲ့ဖော်ပြချက်အရ အသက် ၃၀ အရွယ်ကစားသမားကို ကာမာဒါရဲ့ နောက်ထပ်အပြောင်းအရွှေ့တွင် ပါဝင်ပတ်သက်ခဲ့တဲ့ကြားခံတစ်ဦးမှတဆင့် လာဇီယိုကကမ်းလှမ်းခဲ့ပြီး လိုတီတိုက အစောပိုင်းမှာ အဆိုပါစိတ်ကူးကိုစိတ်ဝင်စားခဲ့တာပါ။


သို့သော်လည်း ယခုအခါတွင် အင်္ဂလန်က Sky Sports ရဲ့ပထမဆုံးဖော်ပြချက်အရ ဖရက်ဒ်သည် ယူရိုသန်း ၂၀ ဝန်းကျင်ဖြင့် ဂါလာတာဆာရေးသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ပါတယ်။


ဆော်ဒီအာရေဗျသို့ ဆာ့ဂျ်မီလင်ကိုဗစ်ဆာဗစ် ထွက်ခွာသွားပြီးနောက် အသင်းရဲ့ကွင်းလယ်ကို ပြန်လည်တည်ဆောက်ဖို့ ဆာရီထံတွင် တိကျသောကစားသမားစာရင်းရှိတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။


အဆိုပါစာရင်းတွင် နာပိုလီနှင့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေတဲ့ ဇင်လန်းစကီး ပါဝင်နေသော်လည်း ဒီလော်ရန်းတီးရဲ့ တောင်းဆိုမှုအတိုင်း ပေးချေရဖို့ရှိနေပါတယ်။


တိုရီနိုမှ အသက် ၂၁ နှစ်အရွယ် ရီဆီကိုလည်း ဆာရီက သဘောကျနေပါတယ်။


လိုတီတိုက Il Messaggero သို့ "လိုဆယ်ဆိုတုန်းကလိုပဲ၊ သူက ကျွန်တော့်ကို မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်" လို့ ပြောပါတယ်။


"လာဇီယိုသို့ မလာချင်ဘူးဆိုရင်တောင် စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတဲ့ ကစားသမားတစ်ယောက်အတွက် စျေးနှုန်းကမြှင့်ပြီး ရီဆီနဲ့ ဇင်လန်းစကီးကိုသာ ဆာရီက လိုချင်နေတာပါ" လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။


အသက် ၂၆ နှစ်အရွယ် ဖရန့်ဖက်ရဲ့ကွင်းလယ်ကစားသမား ဆိုးနှင့် တစ်ရာသီလျှင်ယူရို ၂.၅ သန်းဝန်းကျင် တန်ကြေးရှိ ၅ နှစ်စာချုပ်အတွက် သဘောတူညီမှုရရှိထားတယ်လို့  Il Messaggero က ဖော်ပြထားပါတယ်။

#စီးရီးအေ #မန်ချက်စတာယူနိုက်တက် #ဆာရီ #လာဇီယို #အပြောင်းအရွှေ့ #ဖရက်ဒ် #ပရီးမီးယားလိဂ်