ရှေ့သို့
Image

အာဒါဂူလာ ဒူးဒဏ်ရာရရှိနေတယ်လို့ ရီးရဲလ်အတည်ပြု

11:23 AM, 30 July

ရီးရဲလ်မက်ဒရစ်အသင်းကတော့ နွေရာသီကစားသမားသစ် ဂူလာတစ်ယောက် ဒူးဒဏ်ရာရရှိနေတယ်လို့ အတည်ပြုလိုက်ပါတယ်။

စပိန်ကလပ်ဟာ အဆိုပါလူငယ်ကစားသမားလေးကို ဘာစီလိုနာအသင်းနဲ့အပြိုင်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ဂူလာဟာ ရီးရဲလ်အသင်းနဲ့အတူ အမေရိကရာသီကြိုခရီးစဉ်ကို လိုက်ပါခဲ့ပေမယ့် အေစီမီလန် ၊ ယူနိုက်တက်တို့ကို အနိုင်ရခဲ့တဲ့ပွဲမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့အပတ်တုန်းက ကြွက်သားဒဏ်ရာကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပေမယ့် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ခဲ့ရတာဖြစ်ပါတယ်။


ဒါပေမယ့်လည်း တကယ်ကန်ချိန်မှာတော့ လွဲချော်ခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီက ဘာစီလိုနာနဲ့ပွဲကိုပါ လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။


ရီးရဲလ်ဘက်ကတော့ လာမယ့် ဂျူဗင်တပ်စ်နဲ့ခြေစမ်းပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပေမယ့် လိုအပ်တဲ့စစ်ဆေးမှုတွေတော့ လုပ်ရမှာဖြစ်ပါတယ်။

အသက် ၁၈ နှစ်သားဟာ တူရကီအသင်းအတွက် ပါဝင်ခွင့်ရရှိထားပြီး အခုချိန်မှာတော့ ဆေးကုသဖို့ အိမ်ကို ပြန်ခဲ့ပြီဖြစ်ပါတယ်။


“ကစားသမားသစ် ဂူလာကို လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ရပါမယ်။ သူ့ရဲ့ညာဘက်ဒူးအခြေအနေက အဆင်မပြေဖြစ်နေပါတယ်။ လာမယ့်နာရီအနည်းငယ်မှာ လိုအပ်တဲ့ကုသမှုတွေလုပ်ဖို့ မက်ဒရစ်ကို ပြန်မှာပါ”လို့ ရီးရဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


အက်သလက်တစ်သတင်းဌာနကတော့ ဂူလာအနေနဲ့ ပလက်စမာထိုးသွင်းမှုအဆင်မပြေခဲ့ရင် ခွဲစိတ်မှုခံယူရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂူလာရဲ့ဒဏ်ရာအခြေအနေဟာ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ရီးရဲလ်အတွက် ခက်ခဲနိုင်တာဖြစ်ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာ ဘီဘာလ်အိုအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။


ဂူလာမပါဝင်နိုင်တာကြောင့် ရီးရဲလ်အသင်းဟာ စနေနေ့တုန်းက ဘာစီလိုနာကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာအတွက်ဂိုးတွေကို ဒမ်ဘီလီ ၊ မာတင် နဲ့ ဖာရန်တောရက်စ်တို့က သွင်းယူပေးခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဂူလာ