ရှေ့သို့
Image

လီဗာပူးနဲ့ ချဲလ်ဆီးပစ်မှတ် လီဗီယာကို ခေါ်ယူမှာမဟုတ်တော့တဲ့ အာဆင်နယ်အသင်း

10:52 AM, 29 July

အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်ကွင်းလယ်လူ လီဗီယာကို စိတ်ဝင်စားမှုနေပေမယ့် ပါတေးကြောင့် ခေါ်ယူတော့မှာမဟုတ်ဘူးလို့သိရပါတယ်။ ဂန်းနားတွေဟာ ၎င်းတို့ရဲ့ကွင်းလယ်ကစားသမား ပါတေးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမှုတွေကြောင့် ဘယ်လ်ဂျီယံလက်ရွေးစင်ကို သူတို့ရဲ့နွေရာသီပစ်မှတ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အာဆင်နယ်နှင့်စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးသည့် အဆိုပါအသက် ၂၉ နှစ်အရွယ် ကစားသမားကို ဆော်ဒီပရိုလိဂ်အသင်းအများအပြားနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။
ပါတေးသည် အာဆင်နယ်တွင် အမြဲကစားနိုင်ရန်စဉ်းစားထားခဲ့သော်လည်း ဒီကလန်ရိုက်ကို ခေါ်ယူခြင်းသည် ၎င်း၏ပွဲကစားခွင့်ရရှိမှုအပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်ကြောင်းယုံကြည်နေပါတယ်။

ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဇာခါသည်လည်း အသင်းမှထွက်ခွာသွားသောကြောင့် အာတီတာအနေဖြင့် အပြောင်းအရွှေ့တစ်ခုတွင်အတွေ့အကြုံရှိသော ကွင်းလယ်ကစားသမားနှစ်ဦးကို ဆုံးရှုံးရန်တွန့်ဆုတ်နေပေမယ့် ပါတေးအတွက် ကြီးမားသောကမ်းလှမ်းမှုတစ်ခုသာရရှိခဲ့ပါက ၎င်းကိုရောင်းချနိုင်ရန်လှုံ့ဆော်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ဆောက်သမ်တန်ကွင်းလယ်လူ လီဗီယာသည် ပါတေး၏နေရာကို အစားထိုးအတွက် အလားအလာရှိသော်လည်း ယခုအခါ ရိုမာနို၏ဖော်ပြချက်များအရ ၎င်းသည် အမ်းမရိတ်တွင် ဆက်လက်ရှိနေဖွယ်ရှိသည်။ ဆောက်သမ်တန်သည် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီက အထင်ကြီးစရာခြေစွမ်းပြသခဲ့သော လာဗီယာ အား စိတ်ဝင်စားသော အသင်းကြီးများ တန်းစီနေတာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းသည် ၎င်းတို့၏ဆယ်ကျော်သက် ကစားသမားအတွက် ပေါင်သန်း ၅၀ တောင်းဆိုထားသော်လည်း လီဗာပူးလ်၏ အဖွင့်ကမ်းလှမ်းမှုသည် တောင်းခံသည့်စျေးနှုန်းထက် သိသိသာသာ နည်းနေတာဖြစ်ပါတယ်။ ဟန်ဒါဆန်နှင့် နာဘီကီတာတို့ ထွက်ခွာသွားခြင်းကြောင့် လီဗီယာအတွက် နောက်ထပ်ကမ်းလှမ်းမှုကို ယာဂင်ကလော့ပ်က ပြုလုပ်ရန် သေချာနေသော်လည်း ချဲလ်ဆီးအသင်းနှင့် အပြိုင်အဆိုင်ဖြစ်နေပါတယ်။

ချဲလ်ဆီးအသင်းသည် ဘရိုက်တန်ကွင်းလယ်ကစားသမား ကိုင်စီဒိုအတွက် ၎င်းတို့၏နောက်ဆုံးကမ်းလှမ်းမှု ပေါင်သန်း ၈၀ ကမ်းလှမ်းမှုကို ငြင်းပယ်ခံရခဲ့ပြီး လီဗီယာထံသို့ အာရုံပြောင်းရန်ကြိုးစားနေကြောင်း သိရပါတယ်။

#လီဗာပူး #အာဆင်နယ် #ဆောက်သမ်တန် #အပြောင်းအရွှေ့ #လီဗီယာ