ရှေ့သို့
Image

အိုနာနာရဲ့လက်စွမ်းကြောင့် ယူနိုက်တက်ပရိသတ်တွ ဒီဂီယာကို ပြန်တောင်းကြလိမ့်မယ်လို့ သုံးသပ်လိုက်တဲ့ ဒွိုက်ယော့ခ်

9:57 AM, 29 July

သရဲနီတွေဟာ ဒီနွေရာသီမှာ အသင်းရဲ့ ဂိုးသမားနေရာအတွက် ကြီးမားတဲ့ ခေါ်ယူမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး နှစ်အတော်ကြာအောင် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် အရေးကြီးတဲ့ အနေအထားမှာ အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၄ ကြိမ်ရခဲ့တဲ့ ဒီဂီယာကို အလွတ်ဖြင့် ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကင်မရွန်းလက်ရွေးစင် အိုနာနာကို ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်း (ဒေါ်လာ ၆၂ သန်း) ဖြင့် ခေါ်ယူလိုက်သော်လည်း သစ္စာရှိ ပရိသတ်တွေက မကြာမီအချိန်မှာ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုရှင်ကို ပြန်လည်ရရှိရန် ဆန္ဒရှိလိမ့်မယ်လို့ ယော့ခ်က ထင်နေပါတယ်။ ၁၉၉ ခုနှစ် ကလပ်ရဲ့ ဆုဖလား ၃ လုံး ရရှိခဲ့ရာတွင်ပါဝင်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ယော့ခ်က OLBG သို့ပြောကြားခဲ့ပါတယ်။

"ဒီဂီယာကို ဆုံးရှုံးလိုက်ရတဲ့အတွက် ယူနိုက်တက်ဟာ သတိထားဖို့လိုတယ်လို့ ကျွန်တော် အရင်ပြောခဲ့ဖူးတယ်။ ဒီဂီယာရဲ့ ယူနိုက်တက်အတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရာမှန်သမျှအတွက် သူ့ရဲ့ကစားသမားဘဝ အဆုံးသတ်ပုံက တကယ့်ကို ဆိုးရွားခဲ့ပါတယ်" "ယူနိုက်တက်က အိုနာနာကို ဝယ်ထားပြီး အသင်းကို ကြောက်ရွံ့မှုမရှိလာစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အလိုရှိတဲ့အရာအတွက် သတိထားရမှာပါ။ ဒီဂီယာဟာ အခြားဂိုးသမားတွေလိုပဲ အမှားများကျူးလွန်တဲ့ ရွှေလက်အိတ်ဆုရှင်ဖြစ်ပါတယ်။ ဒီဂီယာရဲ့ရွှေလက်အိတ် ရရှိခြင်းက ရွှေဖိနပ်ရရှိခြင်းနဲ့တူပြီး ကလပ်မှာ ဂိုးသွင်းအများဆုံး ဖြစ်ပေမယ့် အသင်းကအစားထိုးလိုက်တာဖြစ်ပါတယ်။ အဲဒါကလည်း ကျွန်တော်နဲ့ ကောင်းကောင်း မသက်ဆိုင်ပါဘူး"

"ကျွန်တော်အမြင်အရတော့ အိုနာနာဟာ ဒီဂီယာလောက်မကောင်းတဲ့ဂိုးသမားဖြစ်ပြီး သူ့ကို စောင့်ကြည့်ဖို့ လိုပါတယ်။ အရင်က အိုနာနာကို တွေ့ဖူးပါတယ်၊ ပရီးမီးယားလိဂ်ရဲ့ ပွဲတွေ အရမ်းကို မြန်ဆန်ပြီး ဖိအပေးခံရပုံက အခြားလိဂ်တွေကနဲ့ မတူပါဘူး" "အိုနာနာက တစ်ခါတစ်လေမှာ ဂိုးသမားတစ်ဦးထက် ကွင်းအတွင်း ကစားသမားဖြစ်အောင် ကြိုးစားနေတာပါ။ ကျွန်တော်က ဒီလိုကစားသမားကို အနီးကပ်စောင့်ကြည့်နေပြီး ဒီဂီယာကို ဝေဖန်ပြီး ထွက်သွားစေချင်တဲ့ သူတွေကသာ သူ့ကို ပြန်လာဖို့ တောင်းဆိုမယ့်သူတွေ ဖြစ်နိုင်ပါတယ်" လို့ ဒွိုက်ယော့ခ်က ပြောပါတယ်။

ဒီနွေရာသီ အသင်းတည်ဆောက်ရေးအတွက် အိုနာနာပါဝင်မယ့် ချဉ်းကပ်မှုအပေါ် ဒွိုက်ယော့ခ်က "အိုနာနာကို ချဲလ်ဆီးသို့ သွားခွင့်ပေးသင့်ပြီး ယူနိုက်တက်အနေနဲ့ ဒီဂီယာကို ဆက်ထိန်းထားကာ ဒင်းဟန်ဒါဆန်ကို အဆင့်တက်ပေးသင့်ပါတယ်။ နည်းပြတွေက လူငယ်ကစားသမားတွေကို မေ့ထားပြီး သူတို့ကို အခွင့်အရေးပေးရပါမယ်" "ဒီဂီယာက ပြဿနာဖြစ်ရင် ဟန်ဒါဆန်ကို ပထမဦးစားပေးထားသင့်ပါတယ်။ သူဟာ နော်တင်ဟမ်ဖောရက်စ်မှာ အတွေ့အကြုံတွေရခဲ့ပြီး ပွဲထွက်ကစားသမားဖြစ်ဖို့ လုံလောက်ကာ ဒီဂီယာနဲ့ အလှည့်ကျသုံးရမှာပါ။ ကျွန်တော်က ဒီမှာထိုင်ပြီး အိုနာနာက ဒီဂီယာထက် 100 % ပိုကောင်းတယ်လို့ပြောမှာမဟုတ်ဘူး" "ကျွန်တော့် အသက်ငယ်ငယ် ကစားသမားဘဝတုန်းက အသင်းကို ပြန်ရောက်ဖို့ ကြိုးစားခဲ့တာကို ပြန်တွေးမိတယ်။ ကျွန်တော်သာ အတွေ့အကြုံရဖို့အတွက် အငှားထွက် ကြိုးစားခဲ့ရပေမယ့် ဦးစားပေးမဖြစ်ဘူးဆိုရင် စိတ်ပျက်သွားလိမ့်မယ်။ အိုနာနာဟာ မန်ချက်စတာနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရလိမ့်မယ်၊ အသင်းနဲ့အသားကျပြီး လူငယ်ကစားသမားကို အခွင့်အရေးပေးရမှာပါ" လို့ ပြောပါတယ်။

ဟန်ဒါဆင်က အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ရှိနေတာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်က အပြီးသတ်ဝယ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ရှိနေကာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဖြစ်တဲ့ တွမ်ဟီတန်က လက်ရှိမှာတော့ အသင်းရဲ့ ဒုတိယဦးစားပေးဂိုးသမားတာဝန်ကို ယူထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #အိုနာနာ #ပရီးမီးယားလိဂ် #ဒွိုက်ယော့ခ်