ရှေ့သို့
Image

အယ်လ်-ဟာလီအသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့သွားတဲ့ မာရက်ဇ်

9:17 AM, 29 July

မန်စီးတီးအသင်းကတော့ မာရက်ဇ်တစ်ယောက် အယ်လ်-ဟာလီအသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့သွားတယ်လို့ အတည်ပြုလိုက်ပါတယ်။ လက်စတာစတားဟောင်းဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၄ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် နဲ့ ပြည်တွင်းဖလား ၅ ကြိမ်ရယူနိုင်ခဲ့ပြီး အသင်းအတွက် ၂၃၆ ပွဲမှာ ၇၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မာရက်ဇ်ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ဖိုင်နယ် ၂ ကြိမ်မှာ စီးတီးအတွက် အရေးပါတဲ့သူဖြစ်ခဲ့ပြီး ပထမဆုံးချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ကာ စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်ဂျီးရီးယားသားက စီးတီးနဲ့အတူ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတာက မှန်ကန်တယ်လို့ ထင်မြင်နေပါတယ်။

“စီးတီးအတွက် ကစားခွင့်ရတာက ဂုဏ်ယူစရာပါ။ ကျွန်တော် စီးတီးကို ဆုဖလားအောင်မြင်မှုတွေရယူချင်တာကြောင့် လာခဲ့တာပါ။ အခုတော့ ကျွန်တော် အောင်မြင်မှုတွေလိုတာထက် ပိုရလို့ ပျော်ရွှင်မိပါတယ်။ ဒီအသင်းနဲ့အတူ ၅ နှစ်တာ မမေ့နိုင်တဲ့အမှတ်တရတွေရှိခဲ့ပါတယ်။ ပြီးတော့ မယုံကြည်နိုင်စရာကောင်းတဲ့ အသင်းဖော်တွေအပြင် ပရိသတ်တွေ၊ အကောင်းဆုံးနည်းပြအတူ အလုပ်တွဲလုပ်ခွင့်ရခဲ့ပါတယ်”လို့ မာရက်ဇ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်သားဟာ ဂွါဒီယိုလာရဲ့အာရှခရီးစဉ်လူစာရင်းမှာ မပါဝင်တဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
“ကျွန်တော့်ဘဝမှာ အံ့ဖွယ်အမှတ်တရတွေအပြင် ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာလည်း အကောင်းဆုံးအရာတွေရခဲ့ပါတယ်။ ပြီးတော့ လီဗာပူးအသင်းနဲ့ အားပြိုင်ခဲ့ရတာတွေရှိပါတယ်။ အာဆင်နယ်နဲ့လည်း အားပြိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ သန်မာတဲ့စိတ်ဓာတ်ပိုင်းအပြင် စိတ်အားထက်သန်မှုလည်း ရှိခဲ့ပါတယ်။ စီးတီးရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခခွင့်ရလို့ ကျွန်တော်ပျော်မိပါတယ်”လို့ မာရက်ဇ်က ပြောကြားခဲ့ပါတယ်။

စီးတီးအားကစားဒါရိုက်တာ ဘီဂရိတ်စတိန်းကလည်း “မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေမှာ အရေးပါခဲ့တဲ့သူတစ်ဦးပါ။ သူ့ရဲ့အားထုတ်ခဲ့မှုတွေကို ကျွန်တော်တို့ မေ့မှာမဟုတ်ပါဘူး။ သူ့ရဲ့ဘောလုံးကစားဟန်က ကြည့်မဝဖြစ်ရပါတယ်။ ပြီးတော့ များပြားတဲ့အမှတ်တရတွေကိုလည်း ကျွန်တော်တို့ဆီမှာ ချန်ထားခဲ့ပါတယ်။ သူ့လိုကျွမ်းကျင်မှုကော နည်းစနစ်ပိုင်းပါ ထူးချွန်တဲ့တောင်ပံကစားသမားမျိုး အနည်းငယ်ပဲရှိပါတယ်။ သူ့ကိုလွမ်းနေတော့မှာပါ။ ဒါပေမယ့် သူစိန်ခေါ်မှုအသစ်မှာ အဆင်ပြေပါစေလို့ ကျွန်တော်တို့ အားလုံးဆုတောင်းပေးပါတယ်”လို့ ဘီဂရစ်စတိန်းက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #မာရက်ဇ်