ရှေ့သို့
Image

ပီအက်စ်ဂျီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ကို အငှားခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ရိုးမား

4:24 PM, 28 July

ပီအက်စ်ဂျီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ဟာ အီတလီစီးရီးအေကလပ်ရိုးမားဆီ အငှားဖြင့် ပြောင်းရွှေ့နိုင်ဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ပေါ်တူဂီကွင်းလယ်လူက ကွင်းလယ်ပိုင်းအားဖြည့်မယ့် နည်းပြမော်ရင်ဟိုရဲ့ လူစာရင်းအတွက် ထိပ်တန်းဦးစားပေး ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ မော်ရင်ဟိုကလည်း လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်မစတင်ခင် ရီနာတိုဆန်းချက်စ်ဟာ ရိုးမားနဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ယူဆနေပါတယ်။

La Gazzetta dello Sport ရဲ့အဆိုအရ ဆန်းချက်စ်ကို အငှားနဲ့ ခေါ်ယူနိုင်ရေး ရိုးမားက ပီအက်စ်ဂျီနဲ့ သဘောတူညီမှုတစ်ခု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ရိုးမားက ယူရို ၁၃ သန်းတန် အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ ရာသီကုန်အထိ သက်တမ်းရှိမယ့် အငှားခေါ်ယူမှုအတွက် ပီအက်စ်ဂျီဆီ ယူရိုနှစ်သန်း ဝန်းကျင် ပေးချေရပါလိမ့်မယ်။

#ရိုးမား #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဆန်းချက်ဇ်