ရှေ့သို့
Image

စာချုပ်ဖျက်သိမ်းခံရပြီးနောက် ၁၀ သင်းမြောက်ကလပ်အသင်းကို ပြောင်းတော့မယ့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်

10:42 AM, 28 July

ရီးရဲလ်စတားဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်တစ်ယောက် စာချုပ်ဖျက်သိမ်းခံရပြီးနောက် ၁၀ သင်းမြောက် ကလပ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

အဲဗာတန်စတားဟောင်းဟာ ဘရာဇီးကလပ်တွေထဲက အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဆော်ပေါ်လိုအသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ ဆော်ပေါ်လိုအသင်းဟာ ကိုလံဘီယာသားရဲ့ ၁၀ သင်းမြောက် ကလပ်အသင်းဖြစ်လာမှာဖြစ်ပါတယ်။ အိုလံပီယာကို့စ်မှာတော့ ဂျိမ်းစ်တစ်ယောက် ၇ လသာဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၁ နှစ်သားရဲ့စာချုပ်သက်တမ်းက ဖျက်သိမ်းခံရတာဖြစ်ပြီး အသင်းအတွက် ၂၃ ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ဂျိမ်းစ်တစ်ယောက် အမေရိကန်မြေကိုပြောင်းဖို့ အကုန်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

ရိုဒရီဂွက်ဇ်တစ်ယောက် စီနီယာကစားသမားဘဝကို အသက် ၁၄ နှစ်အရွယ်မှာပဲ ကိုလံဘီယာဒုတိယတန်းကလပ် အန်ဗီဂါဒိုအသင်းမှာ စတင်ခဲ့ပါတယ်။ အဲ့နောက် ပေါ်တိုအသင်းနဲ့အတူ တောက်ပလာခဲ့ပြီး ၆၃ ပွဲပါဝင်ကစားခဲ့ပြီး ၂၅ ဂိုး သွင်းယူနိုင်ခဲ့ကာ ချန်ပီယံလိဂ် ၂ ကြိမ်ရယူနိုင်ခဲ့သလို ဆုဖလား ၈ လုံးလည်းရယူနိုင်ခဲ့ပါတယ်။

၂၀၁၃ မှာတော့ မိုနာကိုအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး မော်တင်ဟိုနဲ့အတူ တောက်ပခဲ့ပါတယ်။ အဲ့နောက် ၂၀၁၄ မှာ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဘိုင်ယန်ကို အငှားထွက်ကစားခဲ့ရပါတယ်။
၂၀၂၀ မှာတော့ ရိုဒရီဂွက်ဇ်တစ်ယောက် အဲဗာတန် ၊ အယ်လ်-ရာယန် ၊ အိုလံပီယာကို့စ်အသင်းတွေမှာ ကစားခဲ့ပြီး အခုတော့ မိခင်မြေကို ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။

#အဲဗာတန် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်