ရှေ့သို့
Image

ဂယ်လာဟာရဲ့အနာဂတ်နှင့် ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ပိုချက်တီနို

1:41 PM, 27 July

လိုအပ်ချက်ထက် ပိုလျှံနေတယ်လို့ ယူဆတာကြောင့် ချဲလ်ဆီးဟာ အသက် ၂၃ နှစ်အရွယ် ကစားသမားကို အရောင်းစာရင်းတင်ခဲ့ပြီး အဆိုပါကွင်းလယ်ကစားသမားကို ဝက်စ်ဟမ်းက ပေါင် သန်း ၄၀ ဖြင့်ခေါ်ယူဖို့ စိတ်ဝင်စားလျှက်ရှိကြောင်း တနင်္လာနေ့က သိရှိရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဟာ အင်္ဂလန်လက်ရွေးစင်အတွက် အနည်းဆုံး ပေါင်သန်း ၅၀ ပေးချေရမယ်လို့ ယုံကြည်တာကြောင့် အဆိုပါကမ်းလှမ်းမှုကို လျင်မြန်စွာပဲ ပယ်ချခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ကိုရောင်းချခဲ့ပြီးနောက် ကစားသမားသစ်ဖြင့် အစားထိုးရန် ဝက်စ်ဟမ်း အတွက် လိုအပ်နေချိန်တွင် အဆိုပါအင်္ဂလန်သားကို တော့တင်ဟမ်ကလည်း စိတ်ဝင်စားမှုရှိနေရှိတာကြောင့် အပြိုင်အဆိုင်ခေါ်ယူရမယ့် အနေအထားသို့ ရောက်သွားနိုင်ပါတယ်။ သို့သော်လည်း လာမယ့်ရာသီအတွက် ဂယ်လာဟာကို သူ့ရဲ့လူစာရင်းမှာ လိုချင်ကြောင်း ပိုချက်တီနိုက ပြောထားပြီး ကွင်းလယ်အတွက် ရွေးချယ်ခွင့်တွေကို ကန့်သတ်မထားဘဲ ပေါင်းထည့်ဖို့ ကြိုးစားနေတယ်လို့ နည်းပြက အလေးပေးပြောကြားလိုက်ပါတယ်။

"လောလောဆယ်မှာတော့ အဲဒီနေရာအပြင် တခြားနေရာတွေကိုလည်း အားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်" လို့ အတ္တလန္တာမှာ နယူးကာဆယ်နှင့်ကစားမယ့် ရာသီကြိုခြေစမ်းပွဲ မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် နည်းပြက ပြောကြားခဲ့ပါတယ်။

"ဒီခရီးစဉ်မှာပါတဲ့ ကစားသမားတွေက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ၊ ချဲလ်ဆီးအစီအစဥ်တွေလို့ ကျွန်တော်ထင်ပါတယ်။ လောလောဆယ်တော့ ဒီမှာရှိနေတဲ့ ကစားသမားတွေအကြောင်း ပြောစရာမရှိပါဘူး။ မတူညီတဲ့ နယ်ပယ်တွေမှာ ကစားသမားတွေ ထပ်ပေါင်းထည့်ဖို့ ကြိုးစားနေပြီး မကြာခင် ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"နှစ်ဦးနှစ်ဖက်စလုံးက သဘောတူရမယ်လို့ ပြောရမှာပါ။ လောလောဆယ်တော့ ပြောစရာမရှိပါဘူး။ ကော်နာက ကျွန်တော်တို့ရဲ့ အစီအစဥ်မှာ ရှိနေပါတယ်။ ကျွန်တော်ရောက်ရှိလာတဲ့ ပထမဆုံးနေ့မှာပဲ သူနှင့် စကားပြောခဲ့ပါတယ်" "ဘောလုံးမှာ ကျွန်တော်တို့ ထိန်းချုပ်လို့မရတာတွေ ဖြစ်တတ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူနဲ့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ကျွန်တော်သဘောကျပါတယ်။ စာချုပ်သက်တမ်းကလည်း ၂ နှစ်ကျန်ပါသေးတယ်။ ဘာမှပြောစရာမရှိပါဘူး" လို့ နည်းပြက ပြောပါတယ်။

အလုပ်များတဲ့နွေရာသီအပြောင်းအရွှေ့အပြီးတွင် ဂယ်လာဟာက စံချိန်တင်ခေါ်ယူထားတဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ လူငယ်ကစားသမား ၃ ဦးနဲ့အတူ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကျန်ရှိနေတဲ့ ဗဟိုကွင်းလယ်ကစားသမား ၅ ဦးအနက် ၁ ဦးဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဘရိုက်တန်က ကိုင်စီဒိုကိုခေါ်ယူချင်နေသော်လည်း ပေါင်သန်း ၁၀၀ ကျော် တန်ကြေးသတ်မှတ်ထားတာကြောင့် အီကွေဒေါကြယ်ပွင့်အားခေါ်ယူရေးကနေ နှုတ်ထွက်သွားပုံရပါတယ်။

"အနည်းဆုံး နောက်ထပ်ကွင်းလယ်ကစားသမား ၁ ဦးထက် လိုအပ်နေပြီး အဲဒါကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဘာတွေဖြစ်လာမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ပြီး လုပ်ဆောင်သွားမှာပါ" "ကျွန်တော်တို့က အတွေ့အကြုံရှိကစားသမား ၁ ဦးထက် လိုပါတယ်။ ဒါပေမယ့် လူငယ်လေးတွေ ကစားခွင့်ရဖို့ အခွင့်အရေးကောင်းပါပဲ။ ဒီမှာ ကစားဖို့ သုံးပွဲကျန်သေးပြီး ဘာပြဿနာမရှိပါဘူး" "ကျွန်တော်တို့က ရာသီအစမှာ အခြေအနေကောင်းတစ်ခုကို ရောက်ရှိသွားမှာပါ။ ကျွန်တော်တို့က ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် အရေးကြီးတဲ့ ကစားသမားတွေကို စမ်းသပ်နေတာပါ" "ဘရိုက်တန်၊ နယူးကာဆယ်၊ ဖူလ်ဟမ်၊ ဒေါ့မွန်တို့နဲ့ ကစားရတဲ့ ပွဲတွေမှာ ဒီကစားသမားတွေနဲ့ ကစားခွင့်ရဖို့က အရေးကြီးကာ သူတို့ရဲ့ အရည်အသွေးကိုမြင်ဖို့ တကယ့်ပြိုင်ဆိုင်မှုဖြစ်တာကြောင့် သူတို့အတွက်လည်း အရေးကြီးပါတယ်" လို့ ပိုချက်တီနိုက ပြောပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ပိုချက်တီနို #ဂယ်လာဟာ