ရှေ့သို့
Image

ချဲလ်ဆီးမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီးနောက် ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဂယ်လာဟာ

11:48 AM, 25 July

Evening Standard ရဲ့ဖော်ပြချက်အရ ကလပ်မှာ သူဟာ လိုအပ်ချက်များထက် ပိုလျှံနေတယ်လို့ ယူဆတာကြောင့် ဂယ်လာဟာက ယခုနွေရာသီမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးမှာ ၁၇ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖို့ အချိန်ရောက်လာပြီဆိုတာ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ဂယ်လာဟာ ဟာ မတူညီသော ကလပ်အသင်းများထံသို့ အငှားချမခံရမီ ချဲလ်ဆီးရဲ့ လူငယ်အကယ်ဒမီကနေ တိုးတက်လာသူ တစ်ဦးဖြစ်ပါတယ်။

သူဟာ ချာလ်တန်၊ ဆွမ်ဆီးနှင့် ဝက်စ်ဘရွန်းတို့တွင်ကစားခဲ့ပြီး ၂၀၂၁-၂၂ ရာသီမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့တူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဂယ်လာဟာ ဟာ ၃၄ ပွဲ ကစားပြီး ၈ ဂိုးသွင်း ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားကာ ကလပ်ရဲ့ တစ်ရာသီစာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အက်ပ်စွမ်မှာမွေးဖွားတဲ့ ဗဟိုကွင်းလယ်ကစားသမားဟာ ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးသို့ ပြန်လာခဲ့ပြီး ပထမအသင်းလူစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီအစတွင် ဖရိုဖရဲဖြစ်ခဲ့သော်လည်း ဂယ်လာဟာက ၃၄ ပွဲကစားကာ ၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။


ချဲလ်ဆီးအသင်းအနေနဲ့ ဒီနွေရာသီမှာ ရှင်းရှင်းလင်းလင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီး ပထမအသင်းကစားသမား ၁၆ ဦးကို ရောင်းချခဲ့ပေမယ့် မပြီးဆုံးသေးပါဘူး။ ရာသီကြိုခြေစမ်းပွဲတွင် ၂ ပွဲကစားထားပြီး ၂ ဂိုးသွင်းထားသော်လည်း ချဲလ်ဆီးကတော့ ဂယ်လာဟာ အား ရောင်းချဖို့ အခြားကလပ်များသို့ ကမ်းလှမ်းထားပါတယ်။

ကွင်းလယ်ကစားသမားကို လန်ဒန်ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ဝက်စ်ဟမ်းဟာ ဒီကလန်ရိုက်စ်ကို အာဆင်နယ်သို့ ပေါင် ၁၀၅ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ပြီး ကွင်းလယ်အတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး သူတို့ရဲ့ရေဒါတွင် ဂယ်လာဟာ ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်း ခေါ်ယူမယ့် ကစားသမားစာရင်းတွင် ဂယ်လာဟာက ပယ်ဟင်ဟာ၊ ဇာကရီယာ၊ ဝက်ဒ်ပရောက်စ်တို့နှင့်အတူ ရှိနေပါတယ်။ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဂယ်လာဟာကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အဲ့ဒီအချိန်တုန်းက ချဲလ်ဆီးနည်းပြ တူချယ်က ကစားသမားရဲ့ ထွက်ခွာမှုကို ပိတ်ပင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ပြည်တွင်းဖြစ် ကစားသမားတွေကိုလိုက်နေပြီး ဟော့ဗျက်ကို ရောင်းချဖို့ ပြင်ဆင်နေတာကြောင့် ဂယ်လာဟာကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂယ်လာဟာ #ပရီးမီးယားလိဂ်