ရှေ့သို့
Image

အဝတ်လဲခန်းထဲမှာ ဒီကလန်ရိုက်စ် ဘာပြောခဲ့လဲဆိုတာကို တီယာနေး ထုတ်ဖော်ပြောကြား

10:43 AM, 25 July

အာဆင်နယ်နောက်ခံလူ တီယာနေးက ဒီကလန်ရိုက်စ်ရဲ့ အဝတ်လဲခန်းထဲက ပြောကြားချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရိုက်စ်ဟာ ဝက်စ်ဟမ်း အသင်းထံကနေ ပေါင် ၁၀၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အာဆင်နယ်အသင်းကို ရောက်ပြီးကတည်းက  ၂ ပွဲ ပါဝင်ကစားပေးထားခဲ့ပါတယ်။

အက်သလက်တစ်နဲ့အင်တာဗျူးမှာ တီယာနေးက “ဒီကလန်က နောက်တစ်နေ့မှာ အာဆင်နယ်မှာ အကြာကြီးရှိနေရသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ နီးစပ်တဲ့အစုအဖွဲ့အပြင် ကောင်းမွန်တဲ့အသင်းဖော်တွေ၊ ဝန်ထမ်းတွေလည်း ရှိသလို သူတို့အားလုံးလည်း ချစ်မြတ်နိုးကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်က ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။ ကျွန်တော် ဒီမှာပျော်နေပါတယ်။ နေ့တိုင်းအလုပ်ကြိုးစားပါတယ်။ ပြီးတော့ မိနစ်တိုင်းကစားခွင့်ရအောင်ပါ။ ကျွန်တော်လုပ်နိုင်သမျှ ကြိုးစားသွားမှာပါ။ မင်းအနေနဲ့ ပွဲတိုင်းကစားခွင့်မရနိုင်သလို ပြီးခဲ့တဲ့နှစ်က ကျွန်တော်အများကြီး ကစားခွင့်ရမယ်လို့ ကျွန်တော် မမျှော်လင့်ထားတာပါ။ ကျွန်တော်ပွဲတိုင်း အဆင်သင့်ဖြစ်နေအောင် လုပ်ဆောင်ထားပါတယ်”လို့ တီယာနေးက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တီယာနေး #ဒီကလန် ရိုက်စ် #ပရီးမီးယားလိဂ်