ရှေ့သို့
Image

ချဲလ်ဆီးကွင်းလယ်လူ ဂယ်လာဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်း

10:02 AM, 25 July

ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်ထွက်ခွာသွားပြီးနောက် အသင်းရဲ့ လစ်လပ်နေတဲ့ကွင်းလယ်နေရာကို အားဖြည့်ရန် ချဲလ်ဆီးကွင်းလယ်ကစားသမား ကော်နာဂယ်လာဟာကို ခေါ်ယူရန်ပစ်မှတ်ထားနေပြီး တရားဝင်ကမ်းလှမ်းမှုစတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းက ကစားသမားအတွက် ချဲလ်ဆီးအသင်းရဲ့သတ်မှတ်ထားတဲ့ဈေးနှုန်းကို သိရှိရန်ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုလအစောပိုင်းမှာ ဒီကလန်ရိုက်စ်က အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်မှာအားဖြည့်ဖို့ ကစားသမားသစ်လိုအပ်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းက အသင်းရဲ့ကြယ်ပွင့်ကစားသမား ဒီကလန်ရိုက်စ်အတွက် အခကြေးငွေ ပေါင် ၁၀၅ သန်း အပါအဝင် အပိုဆုကြေးများအတွက်ပါ သဘောတူညီမှုရရှိခဲ့တာကြောင့် ယခုနွေရာသီမှာ သုံးစွဲရန် ဘဏ္ဍာငွေအမြောက်အမြားရှိနေတာ ဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ် ဂယ်လာဟာက ချဲလ်ဆီးအသင်းရဲ့နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲအထိ ပါဝင်ခဲ့ရသော်လည်း ချဲလ်ဆီးက ကစားသမားကို စာချုပ်သစ် ချုပ်ဆိုရန် စိတ်ဝင်စားတဲ့အရိပ်အယောင်မဖော်ပြခဲ့ပါဘူး။

ဂယ်လာဟာဟာ တော့တင်ဟမ်သို့ပြောင်းရွှေ့ရန်စိတ်အားထက်သန်နေပြီး တော့တင်ဟမ်ကလည်း အဆိုပါအင်္ဂလန်လက်ရွေးစင်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်က ကစားသမားအသစ်ခေါ်ယူမယ်ဆိုရင် အသင်းမှာရှိတဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့လိုအပ်နေပါသေးတယ်။

ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတဲ့ ဂယ်လာဟာကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အဲဗာတန် အသင်းကလည်း ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။ ဂယ်လာဟာက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဆက်နေဖို့ဆန္ဒရှိသော်လည်း ချဲလ်ဆီး အသင်းက ကစားသမားအသစ်ခေါ်ယူနိုင်ဖို့ အသင်းရဲ့ကစားသမားတွေကိုရောင်းချဖို့လိုအပ်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ကိုင်စီဒိုကိုခေါ်ယူရန် ပြောင်းရွှေ့ကြေး‌ပေါင်သန်း ၁၀၀ နဲ့ ချိတ်ဆက်နေပြီး ရိုမီယိုလာဗီရာ၊ မိုဟာမက်ခူဒက်စ်နဲ့ မိုက်ကယ်အိုလီစီတို့ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ဆောက်သမ်တန်ကွင်းလယ်လူ ဂျိမ်းစ်ဝက်ပရောက်စ်ကိုပေါင် ၂၅ သန်းနဲ့ကမ်းလှမ်းခဲ့ပြီး အက်ဒ်ဆန်အယ်ဗာရက်ဇ်နဲ့ ဒန်းနစ်ဇာခါရီရာ တို့ကိုလည်း ညှိနှိုင်းမှုများပြုလုပ်နေပါတယ်။

ဂယ်လာဟာက ဖရန့်ခ်လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြယာယီသက်တမ်းမှာ ပိုမိုကောင်းမွန်တဲ့အနေအထားကို ရရှိလာခဲ့ကာ ချဲလ်ဆီးအသင်းရဲ့ စိတ်ပျက်စရာပရီးမီးယားလိဂ်ရာသီရဲ့ နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ယခုအခါအသင်းမှထွက်ခွာဖို့နီးစပ်နေတာဖြစ်ပါတယ်။ ဂယ်လာဟာ ဟာ ၂၀၂၁-၂၂ ရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချခံခဲ့ရသော်လည်း မြန်နှုန်းမြင့်ကွင်းလယ်ကစားသမားအဖြစ် ပက်ထရစ်ဗီအဲရာရဲ့ အသင်းမှာ အရေးပါလာခဲ့ပြီး စွမ်းဆောင်ရည်မြင့်မားကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ဂယ်လာဟာ