ရှေ့သို့
Image

သူ့ရဲ့ ၂၀% ကိုပဲ ပရိသတ်တွေ မြင်ရသေးတာဖြစ်ကြောင်း မူဒရစ် ထုတ်ဖော်ပြောကြား

8:50 AM, 25 July

ချဲလ်ဆီးစတား မူဒရစ်က ပရိသတ်တွေအနေနဲ့ သူ့ရဲ့ စွမ်းဆောင်ရည် ၂၀%ကိုပဲ မြင်ရသေးတာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ပိုချက်တီနိုကလည်း မူဒရစ်ကို နောက်တစ်ဆင့်မြှင့်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၂ နှစ်သားဟာ ဘရိုက်တန်ကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မူဒရစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ပေါင် ၈၈.၅ သန်းနဲ့ ရှက်တာဒိုးနက်အသင်းထံကနေ ချဲလ်ဆီးအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၇ ပွဲမှာ သွင်းဂိုး လုံးဝမရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် မူဒရစ်က ချဲလ်ဆီးပရိသတ်တွေ အနေနဲ့ သူ့ဆီကနေ အခုထက်ပိုမြင်ရဦးမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“ပရိသတ်တွေအနေနဲ့ ကျွန်တော့်စွမ်းဆောင်ရည်အကုန် မမြင်ရသေးပါဘူး။ ၂၀% လောက်ပဲ မြင်ခဲ့ရသေးတာပါ။ ဂိုးသွင်းနိုင်ခဲ့တာအပြင် အလုပ်အားလုံးအတွက် ကျွန်တော် ပျော်နေပါတယ်။ ဒီဂိုးကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ ကန်သွင်းလိုက်ချိန်မှာ ကျွန်တော်ဘာမှမတွေးတော့ပါဘူး။ လေ့ကျင့်ခန်း အစီအစဉ်မှာလည်း ကျွန်တော် ဝန်ထမ်းတွေနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ဒါက လေ့ကျင့်ခန်းအစီအစဉ်ကနေ ဖြစ်လာခဲ့တာပါ”လို့ မူဒရစ်က ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီတုန်းက အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကြားမှာ မူဒရစ်အတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။ လမ်းပတ်နဲ့ ပေါ်တာတို့ကတော့ မူဒရစ်ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်မထုတ်ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ “အဲ့တာက သင်ယူဆဲကာလပါ။ မင်းအနေနဲ့ ပိုကောင်းလာဖို့ဆိုရင် ဝေဖန်မှုတွေကိုလက်ခံသင့်သလို စိ်တ်ရှည်ဖို့လည်း လိုအပ်ပါတယ်”လို့ မူဒရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အန်ကူကူ၊ နီကိုလက်စ်ဂျက်ဆင်၊ ဂယ်လာဟာနဲ့ မူဒရစ်တို့က သွင်းယူပေးခဲ့ပါတယ်။

#ချဲလ်ဆီး #ပရီးမီးယားလိဂ် #မူဒရစ်