ရှေ့သို့
Image

အာတီတာရဲ့နည်းစနစ်မှာ အံဝင်အောင် ဇင်ချန်ကိုက ဘယ်လိုကူညီပေးခဲ့လဲဆိုတာကို တီယာနေး ထုတ်ဖော်ပြောကြား

12:43 PM, 24 July

အာဆင်နယ်နောက်ခံလူ တီယာနေးက အသင်းဖော် ဇင်ချန်ကိုဟာ အာတီတာရဲ့နည်းစနစ်မှာ မိမိကို အံဝင်အောင် ဘယ်လိုကူညီပေးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စကော့တလန်သားဟာ ဇင်ချန်ကိုရောက်လာပြီးနောက် အာတီတာရဲ့ နည်းစနစ်အသစ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အရန်ခုံမှာပဲ အထိုင်များခဲ့တာဖြစ်ပါတယ်။ တီယာနေးဟာ စနေနေ့က ကစားခဲ့တဲ့ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာ ဒုတိယအတွင်း လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။

တီယာနေးက “ပြီးခဲ့တဲ့နှစ်က ကျွန်တော် လေ့လာခဲ့သလို အခုလည်း လေ့လာနေဆဲပါ။ အဲလက်စ်က ဘယ်လိုကစားရမယ်ဆိုတာကို သင်ပြပေးပါတယ်။ ကျွန်တော်သူ့ဆီကနေ သင်ယူပြီး မတူညီတဲ့နည်းတွေနဲ့ ကစားရမယ်ဆိုတာကို မေးခွန်းထုတ်ပါတယ်။ ပွဲအနည်းငယ်ကို ကျွန်တော်လုပ်နိုင်ခဲ့ပါတယ်။ သူ့ဆီကနေ အသစ်ဆီကနေ သင်ယူပါတယ်။ ကွင်းလယ်နေရာမှာ ကျွန်တော် ဘယ်တုန်းကမှမကစားဖူးပါဘူး။ အခုတော့ ပိုပြီးအဆင်ပြေအောင် သင်ယူနေပါပြီ”လို့ တီယာနေးက ပြောကြားခဲ့ပါတယ်။ တီယာနေးကို နယူးကာဆယ်နဲ့ ဆဲလ်တစ်တို့က ချိတ်ဆက်နေပါတယ်။

“အနာဂတ်က ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။ ကျွန်တော်ပျော်နေပါတယ်။ နေ့တိုင်း ပွဲထွက်ခွင့်ရဖို့အတွက် အလုပ်ကိုနေ့တိုင်း ကြိုးစားနေပါတယ်။ ကျွန်တော် လုပ်နိုင်သမျှအကုန်ကြိုးစားနေပါတယ်။ ပွဲတိုင်းကိုကစားခွင့်မရနိုင်ပါဘူး။ ပြီးတော့ ရာသီတိုင်းပေါ့။ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ကျွန်တော်ကစားခွင့်ပိုရခဲ့ပါတယ်။ အခုရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ လူတိုင်းကလည်း ကျွန်တော်နဲ့ အတူတူပဲလို့ ထင်ပါတယ်။ ပွဲတိုင်းမှာ ကျွန်တော် အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားပါတယ်။ အရန်ခုံကနေ ကျွန်တော်လူစားဝင်ခွင့်အများကြီးရသလို အသင်းကို ဂိုးရအောင် ကူညီပေးချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာကြောင့် တစ်ပွဲမှမလွဲဖူးပါဘူး။ ကျွန်တော် ပွဲတိုင်းကစားနိုင်သလို ခေါ်လိုက်ချိန်မှာလည်း အဆင်သင့်ဖြစ်နေပါတယ်”လို့ တီယာနေးက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #တီယာနေး #ပရီးမီးယားလိဂ်