ရှေ့သို့
Image

အိုလီစီကို ခေါ်ယူရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့တဲ့ ချဲလ်ဆီး

10:08 AM, 24 July

ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီစီကို ခေါ်ယူရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ကွင်းလယ်ကစားသမားကို ပေါင် ၃၉ သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့အတူ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီး တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ အိုလီစီက ချဲလ်ဆီးသို့ပြောင်းရွှေ့ရန်စိတ်အားထက်သန်နေတာကြောင့် ယခုအခါပုဂ္ဂိုလ်‌ရေးအရ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အိုလီစီကိုခေါ်ယူရန် စိတ်အားထက်သန်နေပြီး အပိုဆုကြေးများအပါအဝင် စုစုပေါင်း ပေါင် ၃၉ သန်းနဲ့ ပထမအကြိမ်ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သတင်းများကဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၃၇ ပွဲ ကစားပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားတဲ့ အိုလီစီကို မန်ချက်စတာစီးတီးအသင်းကလည်း စိတ်ဝင်စားနေကြောင်းရိုမန်နိုရဲ့အဆိုအရ သိရှိရပါတယ်။
သို့သော်လည်း ကစားသမားဟာ တံကောက်ကြောဒဏ်ရာ ရရှိထားပြီး ရာသီအစမှာ အဆင်သင့်ဖြစ်နိုင်ကြောင်း မသေချာတာကြောင့် မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အိုလီစီရဲ့ဒဏ်ရာပြဿနာကို ရှင်းရှင်းလင်းလင်းသိရဖို့ စုံစမ်းမှုများပြုလုပ်နေပါတယ်။

ကစားသမားနဲ့သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သော်လည်း ခရစ္စတယ်ပဲလေ့စ်က ကစားသမားရဲ့ဒဏ်ရာပြဿနာကို ချဲလ်ဆီးအသင်းထံ ဖြေရှင်းချက်ပေးနေရဆဲဖြစ်တာကြောင့် အပြီးသတ်ခေါ်ယူဖို့ကြန့်ကြာနေဆဲဖြစ်ပါတယ်။ ကစားသမားနဲ့ ကလပ်အသင်းအကြား ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေတာကြောင့် ချဲလ်ဆီးအသင်းသို့ပြောင်းရွှေ့နိုင်ရေးဟာ အိုလီစီအတွက် စိတ်လှုပ်ရှားစရာအလားအလာတစ်ခုအဖြစ် ရှိနေပါတယ်။

#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့ #အိုလီစီ