ရှေ့သို့
Image

ဖလား ၃ လုံးရခဲ့ပေမယ့် အသင်းနဲ့အတူ အခုထက်ပိုအောင်မြင်မှုယူချင်သေးကြောင်း ရူဘင်ဒီယက်စ် ပြောကြား

10:17 AM, 23 July

မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်က သမိုင်းဝင်ဖလား ၃ လုံးရခဲ့ပေမယ့်လည်း အသင်းနဲ့အတူ အခုထက်ပိုအောင်မြင်မှုတွေရယူချင်သေးကြောင်း ပြောကြားလိုက်ပါတယ်။

ဒီယက်စ်က သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ပေမယ့်လည်း မိမိကိုယ်ကိုကျေနပ်အားရမှုနဲ့ပတ်သက်ပြီး သတိပေးခဲ့တာဖြစ်ပါတယ်။


လာမယ့်ရာသီသစ်စတင်မယ့်အတူ ဒီယက်စ်က အစ္စတန်ဘူလ်မှာ ဆုဖလားအောင်မြင်မှုထပ်မံရယူချင်နေပါတယ်။ 

ပြီးခဲ့တဲ့ရာသီတုန်းက သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ပေမယ့်လည်း ဒီယက်စ်က ဆုဖလားအောင်မြင်မှုတွေ အခုထက်ပိုရယူချင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။


သတင်းထောက်တွေကို ပြောကြားရာမှာ ဒီယက်စ်က “မင်းအနေနဲ့ အောင်မြင်မှုလိုအပ်တယ်ဆိုတာကို တွေးနေဖို့ လိုအပ်ပါတယ်။ စိတ်အားထက်သန်မှု နည်းနည်းပဲထားတာ ဒါမှမဟုတ် ရည်မှန်းချက်မရှိတာက အဆင်မပြေပါဘူး။

အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ အို့ ငါတော့ ချန်ပီယံလိဂ်ရခဲ့ပြီ။ အခု လက်လျှော့လိုက်တော့မယ်ဆိုတာမျိုးဖြစ်လို့မရပါဘူး။ ကျွန်တော့်ကစားသမားဘဝမှာ ကျွန်တော်က အောင်မြင်မှုပိုလိုချင်ပါတယ်။


မှန်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက လှပခဲ့ပေမယ့် အခုက အစိတ်အပိုင်းတစ်ခုပဲပြီးပါသေးတယ်။ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တာက တကယ်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အခုထက်ပိုအောင်မြင်မှုယူဖို့ လိုအပ်ပါတယ်။

ကျွန်တော်က တစ်ကြိမ်အပြင် ဒုတိယအကြိမ် ၊ တတိယအကြိမ် ၊ စတုတ္ထအကြိမ်တွေလည်း အောင်မြင်အောင်လုပ်ချင်ပါတယ်။


ရာသက်ပန်မဟုတ်ရင်တောင် ဒီလိုအခိုက်အတန့်လေးတွေကို မှတ်မိချင်ပါတယ်”လို့ ဒီယက်စ်က ပြောကြားခဲ့ပါတယ်။

“အသင်းရဲ့အကြီးမားဆုံးပစ်မှတ်က ချန်ပီယံလိဂ်အောင်မြင်ချင်တာဖြစ်သလို အခုလည်း ဆုဖလားအောင်မြင်မှုရခဲ့ပါပြီ။ အဲ့တာက ဖိအားအနည်းငယ်လျော့ကျစေခဲ့ပါတယ်။

အသင်းအတွက်လည်း တစ်မျိုးကောင်းသလို နောက်တစ်ကြိမ်အိပ်မက်ကို ပြန်ဆွဲဆောင်ရမှာပါ။ ဖိအားက လာဦးမှာပါ။ ဒီလိုအခိုက်အတန့်တွေက ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်။


အဲ့လုပ်အားက အပိုတစ်ခုပါ။ အနုတ်လက္ခဏာတော့ မဟုတ်ပါဘူး။ အရေးအကြီးဆုံးအရာက အဲ့တာကို ခံစားပြီး ရဲရင့်ဖို့ပါ။ ဖြစ်လာနိုင်တယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဖလား ၃ လုံး ၊ ဆုဖလားတွေ ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မေ့ခဲ့ပြီး နောက်တစ်ကြိမ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

ရည်မှန်းချက်က ပြဿနာဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းရဲ့ပစ်မှတ်ကလည်း အဲ့တာဖြစ်နေတာကြောင့်ပါ”လို့ ဒီယက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။


လာမယ့်ရာသီချန်ပီယံဆုတွေကာကွယ်ဖို့ ဂွါဒီယိုလာအနေနဲ့ ခေါင်းစားဖွယ်ရှိနေပြီး ဂန်ဒိုဂန်က ဘာစီလိုနာ ၊ ကန်ဆယ်လို ၊ မာရက်ဇ် ၊ ဘာနာဒိုဆေးလ်ဗား နဲ့ ဝေါ်ကာတို့ကလည်း ထွက်ခွာဖို့များနေတာဖြစ်ပါတယ်။

စီးတီးဟာ ရာသီကြိုအတွက်  ဂျပန်ကိုရောက်နေပြီး ဇူူလိုင်လ ၂၃ ရက်နေ့မှာ ယိုကိုဟားမားအသင်းနဲ့ခြေစမ်းမှာဖြစ်ပြီး အဲ့နောက် ဇူလိုင် ၂၆ နဲ့ ဇူလိုင် ၃၀ တွေမှာ ဘိုင်ယန် ၊ တီကိုတွေနဲ့ ကစားမှာဖြစ်ပါတယ်။

#မန်စီးတီး #ဒီယက်စ် #ပရီးမီးယားလိဂ်