ရှေ့သို့
Image

ဆော်ဒီအာရေဗျကို ပြောင်းတာက ဟန်ဒါဆန်အနေနဲ့ သူ့အမွေအနှစ်ကို ထိခိုက်လိမ့်မယ်လို့ ဂရေမီဆောင်းနက်စ် အခိုင်အမာဆို

9:01 AM, 21 July

လီဗာပူးအသင်းစတား ဟန်ဒါဆန်အနေနဲ့ ဆော်ဒီကိုပြောင်းရွှေ့မယ်ဆိုရင် လီဗာပူးမှာ နေခဲ့တဲ့ သူ့ရဲ့အမွေအနှစ် ပျောက်ဆုံးမယ်လို့ ယုံကြည်နေပါတယ်။

အယ်လ်-အီတီဖက်အသင်းဟာ ဟန်ဒါဆန်ကို ခေါ်ယူဖို့ တစ်ပတ်လုပ်ခပေါင် ၇ သိန်းအပြင် ပေါင် ၁၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခြေခံသဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ဗုဒ္ဓဟူးနေ့တုန်းက လီဗာပူးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲလူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့နီးစပ်လာခဲ့ပါတယ်။

အသက် ၃၃ နှစ်သားဟာ မကြာသေးခင်တုန်းက LGBT အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့သေးတာဖြစ်ကာ အခုတော့ လိင်တူသဘောမတူတဲ့နိုင်ငံမှာ ကစားတော့မှာဖြစ်ပါတယ်။ ဆောင်းနက်စ်ကတော့ တကယ်လို့ ဟန်ဒါဆန်အနေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းခဲ့မယ်ဆိုရင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

“ဟန်ဒါဆန်နဲ့ စကားပြောဖြစ်ပါတယ်။ သူက LGBTQ + အဖွဲ့အစည်းကို ထောက်ခံတဲ့သူတစ်ဦးပါ။ အဲ့နောက် အခုတော့ ဆော်ဒီကိုပြောင်းတော့မှာပါ။ အဲ့တာက သံသယရှိစရာမလိုပဲ သူ့ရဲ့အမွေအနှစ်ကို ထိခိုက်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဆောင်းနက်စ်က ပြောကြားခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ၂၀၁၁ ကတည်းက လီဗာပူးအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းကို အောင်မြင်မှုရယူပေးနိုင်ရာမှာ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းတိုင်းမှာ ဆုဖလားအောင်မြင်မှုရယူနိုင်ခဲ့ပြီး ၂၀၁၉ တုန်းက ချန်ပီယံလိဂ်ဖလားအပြင် ပရီးမီးယားလိဂ်ဖလားပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးပရိသတ်အများစုက ဆောင်းနက်စ်ရဲ့ပြောကြားချက်ကို ထောက်ခံခဲ့ကြပါတယ်။ စစ်တမ်းကောက်ယူရာမှာတော့ လီဗာပူးပရိသတ် ၆၈% က ဟန်ဒါဆန်တစ်ယောက် ဆော်ဒီလိဂ်ကိုပြောင်းမယ်လို့ မဲပေးခဲ့ကြပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူး အသင်းဖော်ဟောင်း ဂျရတ်ကိုင်တွယယ်တဲ့ အယ်လ်-အက်တီဖက်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး ကီတာ၊ ချိန်ဘာလိန်၊ မီလ်နာတို့အပြင် ဖာဘင်ဟိုလည်း ထွက်ခွာမှာ ဖြစ်ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန် #ဆောင်းနက်စ်