ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဂျီရိုနာထံ ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်းကို အိတ်စိုက်ပေးခဲ့ရတဲ့ ရိုမီယူ
1:15 PM, 20 July
လာလီဂါကလပ်ဂျီရိုနာအသင်းမှ ဘာစီလိုနာသို့ ယူရို ၃ ဒဿမ ၄ သန်းနဲ့ ယခုနွေရာသီမှာ ရောက်ရှိလာခဲ့တဲ့ရိုမီယူက ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရရန် ဂျီရိုနာအသင်းထံ ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်းကိုပေးချေခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
ရိုမီယူအတွက်ပြောင်းရွှေ့ကြေးမှာ ကနဦးက ယူရို ၄ ဒဿမ ၅ သန်းဟု ဖော်ပြခဲ့သော်လည်း ယခုအခါ ယူရို ၃ ဒဿမ ၄ သန်းသာ ကုန်ကျခဲ့တာဖြစ်ပါတယ်။ ဈေးနှုန်းကွာဟနေရတဲ့အကြောင်းအရင်းမှာ သဘောတူညီမှုဖြစ်မြောက်ရေးအတွက် ကစားသမားကိုယ်တိုင်က ဂျီရိုနာအသင်းထံ ဘာစီလိုနာကိုယ်စား ပြောင်းရွှေ့ကြေးရဲ့တစ်စိတ်တစ်ပိုင်းပေးကို ချေခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။
ဂျီရိုနာက ကစားသမားအတွက်ယူရို ၃ ဒဿမ ၄ သန်း+ ၁ ဒဿမ ၁ သန်းအလိုရှိခဲ့ပြီး ဘာစီလိုနာက ၃ ဒဿမ ၄ သန်းသာ ပေးချေလိုတာကြောင့် ကစားသမားက လိုအပ်နေတဲ့ ၁ ဒဿမ ၁ သန်းကို ပေးချေခဲ့ရကြောင်းသတင်းများအရသိရှိရပါတယ်။
သို့သော် ဂျီရိုနာထံ ဘာစီလိုနာပေးချေရမယ့်ပြောင်းရွှေ့ကြေး ယူရို ၃ ဒဿမ ၄ သန်းမှာ တစ်ကြိမ်တည်းအပြီးသတ်ပေးချေဖို့မလိုဘဲ အရစ်ကျစနစ်နဲ့ပေးချေသွားမှာဖြစ်တယ်လို့သိရပါတယ်။