ရှေ့သို့
Image

မန်စီးတီးအသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း ကလပ်အကြီးအကဲတွေကို အသိပေးလိုက်ပြီဖြစ်တဲ့ ကိုင်လီဝေါ်ကာ

11:10 AM, 20 July

နည်းပြ ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူ ဆက်တိုက်ဆိုသလို ပုံစံကောင်းရလာကာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲတွင် ၃နှစ်ဆက် ချန်ပီယံဖြစ်ကာ မှတ်တမ်းရေးထိုးနိုင်ခဲ့သလို တစ်ရာသီတည်းမှာပဲ ဖလား၃လုံး ချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက နောက်တန်းအစွန်ကစားသမား ကိုင်လီဝေါ်ကာက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ရန် အသင့်ဖြစ်နေတဲ့အကြောင်း ဖွင့်ဟထားခဲ့တာပဲ ဖြစ်ပါတယ်။

ဝေါ်ကာအနေဖြင့် မန်စီးတီးအသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့အပြီးမှာ နယ်ပယ်သစ်တွင် စိန်ခေါ်မှုရှာဖွေရန် လိုလားနေတာကြောင့် အခြားကလပ်အသင်း တစ်သင်းကို ပြောင်းရွှေ့ကစားနိုင်ကြောင်း သတင်းထွက်နေချိန် ကစားသမားအနေဖြင့် အနာဂတ်နဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ အနေအထားတစ်ရပ်ကို မဖော်ဆောင်နိုင်သေးတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းက အဓိက ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ရောင်းချရန် တွန့်ဆုတ်နေချိန်မှာ ဝေါ်ကာအနေဖြင့် နည်းပြ ဂွာဒီယိုလာကို မန်စီးတီးအသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း အသိပေးထားတဲ့ အကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ နည်းပြ သောမက်စ်တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးအသင်းမှာ ထိပ်တန်းခြေစွမ်းပြသထားတဲ့ ဝေါ်ကာကို စိတ်ဝင်တစား ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး မန်စီးတီးအသင်းဘက်က ရောင်းချရန် တုံ့ဆိုင်းနေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့အကြားတွင် ကစားသမားအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရထားသေးပေမဲ့ ဝေါ်ကာအနေဖြင့် ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းတွင် တစ်နှစ်သက်တမ်းတိုးခွင့်အပါအဝင် ၂၀၂၅ခုနှစ်အထိ စာချုပ် ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားခဲ့တာပဲ ဖြစ်ပါတယ်။ ဝေါ်ကာအနေဖြင့် ယခုအချိန်အတွင် ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို သွားရောက်တဲ့ မန်စီးတီးအသင်းနဲ့အတူ ပူးပေါင်းနေပြီး ကလပ်နှစ်သင်းကြားမှာ ဆွေးနွေးမှု လုပ်ဆောင်နေသလို မန်စီးတီးအသင်းက ညာနောက်တန်း နေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်တန်းအစွန်ကစားသမား ဘင်ဂျမင်ပါဗက်စ်ကို အစားထိုးခေါ်ယူရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ #ပရီးမီးယားလိဂ်