ရှေ့သို့
Image

လီဗာပူးကပ္ပတိန်ဟန်ဒါဆန်ရဲ့ အပြောင်းအရွှေ့အလားအလားအပေါ် ထုတ်ပြောလာတဲ့ ယာဂန်ကလော့ပ်

10:31 AM, 20 July

အသင်းခေါင်းဆောင်ဟန်ဒါဆန်ကို ရောင်းချမယ်ဆိုတဲ့ အသင်းရဲ့ဆုံးဖြတ်ခဲ့မှုအပေါ် သဘောတူခွင့်ပြုပေးခဲ့တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးက စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖတ်ဆီ ဟန်ဒါဆန်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဂျရတ်ထွက်ခွာသွားပြီးနောက်ပိုင်း လီဗာပူး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဟန်ဒါဆန်က အယ်လ်အစ်တီဖတ်နဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀,၀၀၀ တန် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ သဘောတူညီမှုရရှိထားပါတယ်။

အသက်-၃၃ နှစ်အရွယ်ကွင်းလယ်လူက ဂျာမနီနိုင်ငံဆီ ရာသီကြို ခရီးစဉ်ထွက်ခွာလာတဲ့ လီဗာပူးအသင်းမှာ ပါဝင်ခဲ့ပေမယ့် မနေ့ညပိုင်း၊ ကားလ်စ်ရူဟာကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာတော့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

ဒီပွဲစဉ်အပြီး ဟန်ဒါဆန် မပါဝင်နိုင်မှုနဲ့ ပတ်သက်လို့ မေးမြန်းလာချိန် ကလော့ပ်က “တကယ်တော့ ပြောစရာဘာမှမရှိပါဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်မတိုင်ခင်အထိ ဒီကိစ္စအပေါ် ကျွန်တော်တို့ ဘာမှဆွေးနွေးစရာမရှိပါဘူး။ ဒီအကြောင်းအရာအပေါ် ဆွေးနွေးရမယ့် အခိုက်အတန့်တွေ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးပါဘူး။ ဘာကို ဆုံးဖြတ်ထားတယ်ဆိုတာလည်း ကျွန်တော် မသိရသေးပါဘူး။ ဒါက လောလောဆယ်မှာ ပြောစရာစကားမရှိသေးဘူးလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့မှာ ထင်ကြေးပေးပိုင်ခွင့်ရှိနေလို့ ဒါက ခင်ဗျားတို့အတွက် ပိုကောင်းသလို ပိုပျော်ရွှင်ရပါတယ်။ အခုအချိန်မှာ ကျွန်တော်တစ်ခုခုပြောလိုက်မယ်ဆိုရင် ဒီပျော်ရွှင်မှုတွေဟာ ပြီးဆုံးသွားပါလိမ့်မယ်။ အဆုံးမှာတော့ ဆုံးဖြတ်ချက်တွေ အကုန်လုံးကို ကျွန်တော်ပဲ ချမှတ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကစားသမားတွေကို လေးစားမှုရှိလို့ပါ။ ဒီလိုကိစ္စတွေက ကစားသမားရဲ့ဆန္ဒနဲ့ပဲ အမြဲတမ်းလိုလို သက်ဆိုင်ပါတယ်။ ဒီကိစ္စမှာလည်း အားလုံးအဆင်ပြေပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ကလော့ပ် #ဒင်းဟန်ဒါဆန်