ရှေ့သို့
Image

မာဆေးလ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ့် အူဘာမီယန်း

9:15 AM, 20 July

ချဲလ်ဆီးစတား အူဘာမီယန်းတစ်ယောက် မာဆေးလ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ရိုမာနိုရဲ့အဆိုအရ အူဘာမီးယန်းဟာ မာဆေးလ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ ဆိုပါတယ်။ လီဂူးဝမ်းကလပ်ဟာ ချဲလ်ဆီးစတားကို ခေါ်ယူနိုင်ဖို့ အသင်းနဲ့သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကာ ၃ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ အသင်းလူအင်အားကိုလျော့ချဖို့ ပြင်ဆင်နေပြီး ကစားသမား ၁၂ ဦးလောက်အထိ ထွက်ခွာခွင့်ပြုထားကာ အူဘာမီယန်းက ၁၃ ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အူဘာမီယန်းတစ်ယောက် ၂၁ ပွဲ ပါဝင်ကစားပေးထားခဲ့ကာ အဲ့ထဲက ၁၁ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားပါတယ်။

အူဘာမီယန်းဟာ ၂၀၂၂ တုန်းက ချဲလ်ဆီးအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းအပြင် အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ယခင်က လီဂူးဝမ်းမှာ အတွေ့အကြုံရှိထားပြီးဖြစ်သလို စိန့်အက်တီယန်၊ ဒီဂျွန်း၊ လိုင်လီနဲ့ မိုနာကို အသင်းတွေထံမှာ ပွဲပေါင်း ၁၂၀ လောက်ကစားခဲ့ကာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

အူဘာမီးယန်းဟာ ကြာသပတေးနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အခုအပတ်ထဲမှာ မာဆေးလ်ကစားသမားအဖြစ် ကြေညာဖွယ်ရှိနေပါတယ်။

#ချဲလ်ဆီး #မာဆေးလ် #အပြောင်းအရွှေ့ #အူဘာမီယန်း