မာရက်ဇ်နေရာမှာ အစားထိုးဖို့ ပြင်ဆင်လာတဲ့ မန်စီးတီး
8:53 AM, 20 July
မန်စီးတီးအသင်းဟာ မာရက်ဇ်နေရာမှာ အစားထိုးဖို့ ပြင်ဆင်လာတယ်လို့ သတင်းတွေက ဆိုပါတယ်။
အယ်လ်ဂျီယားသားဟာ ဂွါဒီယိုလာရဲ့အသင်းကို ပြီးခဲ့တဲ့ရာသီတုန်းက သမိုင်းဝင်ဖလား ၃ လုံး ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာရက်ဇ်ရဲ့ စာချုပ်သက်တမ်းက ၂ နှစ်သာ ကျန်တော့တာဖြစ်ပြီး အယ်လ်-အက်ခ်လီအသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
အယ်လ်-အက်ခ်လီအသင်းဟာ အသက် ၃၂ နှစ်သားကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုပါခံယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဂွါဒီယိုလာဟာ လက်စတာစတားဟောင်းနေရာမှာ ရာဖင်ဟာနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။
ဘရာဇီးသားဟာ စီးတီးထံပြောင်းချင်နေတယ်လို့ သိရပြီး ဘာစီလိုနာကလည်း ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ သြဂုတ် ၃၁ ရက်နေ့မတိုင်ခင် ပြီးခဲ့တဲ့နှစ်က ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို မှတ်ပုံတင်နိုင်ထဖို့ လိုအပ်နေတာဖြစ်ပြီး အခုတော့ ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
ရာဖင်ဟာကတော့ လိဒ်ယူနိုက်တက်အသင်းမှာ ၂ နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသားဖြစ်ပါတယ်။ အသက် ၂၆ နှစ်သားဟာ ၂၀၂၀ တုန်းက ရန်းနက်စ်ကနေ ပေါင် ၁၇ သန်းနဲ့ လိဒ်ယူနိုက်တက် အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၆၅ ပွဲမှာ ၁၇ ဂိုးသွင်း ၊ ၁၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာကတော့ လွန်ခဲ့တဲ့ ၁၂ လတုန်းက ပေါင် ၅၇ သန်းနဲ့ ရာဖင်ဟာကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် နူးကမ့်မှာ အထိုင်ကဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။