ရှေ့သို့
Image

အမေရိကန်ခရီးစဉ်အတွက် စပွန်ဆာရခဲ့ပြီဖြစ်တဲ့ လိဂ် - ၂ တန်းတက် ဝရက်စ်ဟမ်းအသင်း

1:48 PM, 19 July

ယခုနှစ်မှာ ပုံစံကောင်းပြသကာ အင်္ဂလန်အမျိုးသားအပျော်တမ်းလိဂ်တွင်ချန်ပီယံဖြစ်ခဲ့တာကြောင့် လိဂ်၂ကိုတန်းတက်ခွင့်ရခဲ့တဲ့စူပါစတားမင်းသားရိုင်ယန်ရေးနိုးလ်ရဲ့ ကလပ်အသင်းဖြစ်တဲ့ ဝရက်စ်ဟမ်းအသင်းက လာမယ့်ဘောလုံးရာသီအတွက်ပြင်ဆင်မှုပြုလုပ်ပြီး ကလပ်အသင်းရဲ့ အမေရိကန် ခြေစမ်းခရီးစဉ်အတွက် စပွန်စာရခဲ့ကြောင်း တရားဝင်ကြေငြာလိုက်တာပဲဖြစ်ပါတယ်။

ဗြိတိန်ရဲ့အမျိုးသားအပျော်တန်းလိဂ်ချန်ပီယံအဖြစ် မှတ်တမ်းစိုက်ထူကာကလပ်အသင်းပိုင်းရှင် ရိုင်ယန်ရေးရေးနိုးလ်နဲ့ ရော့ဘ်မက်အယ်ဟမ်နေးတို့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲဆီသို့ တက်လှမ်းကစားခွင့်ရရေးခရီးစဉ်ကိုဝရက်စ်ဟမ်းအသင်းကစတင်အသက်သွင်းလာနိုင်ခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်းပိုင်ရှင်တွေရဲ့ရည်ရွယ်ချက်မြင့်မားတဲ့အတိုင်းအကောင်းအထည်ဖော်နိုင်ရန်ကစားသမားတွေကပါတက်ကြွနေကြပြီးလိဂ်၂ပြိုင်ပွဲအတွက်ရာသီကြိုခြေစမ်းခရီးစဉ်မစတင်ခင်မှာအဓိကတိုက်စစ်ကစားသမားမူလင်အပါအဝင် ဝရက်စ်ဟမ်းစတား၂ဦးကလည်းစောစီးစွာပူးပေါင်းနေပြီးဘီယာသောက်၊ဘီဘီကျူစားကာဓာတ်ပုံအတူ တွဲရိုက်ရင်းလူမှုကွန်ယက်စာမျက်နှာအထက်မှာတင်ခဲ့တာကြောင့် ကစားသမားတွေရဲ့ တက်ကြွနေကြပုံအပေါ် မြင်ရတဲ့ ပရိသတ်တွေ အတွက် ကြည်နူးဝမ်းမြောက်စရာအနေအထားလည်း ဖြစ်ပါတယ်။

ဟောလိဝုဒ်မင်းသားကြီး ရေးနိုးလ်ရဲ့ ဝရက်စ်ဟမ်းအသင်းကို အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Geico က စပွန်စာပေးသွားမှာ ဖြစ်ပါတယ်။ ဝရက်စ်ဟမ်းအသင်းက အမေရိကန်ခရီးစဉ်အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း၊ ချဲလ်ဆီးအသင်းတို့နဲပါ ခြေစမ်းကစားသွားမှာပဲ ဖြစ်ပါတယ်။

#ရိုင်ယန်ရေးနိုးလ်