ရှေ့သို့
Image

တစ်နှစ်လုပ်ခ ပေါင် ၇သန်းနဲ့ ဆော်ဒီမြေမှာ ရော်နယ်ဒိုနဲ့ ပူးပေါင်းတော့မယ့် အဲလက်တဲလက်စ်

1:46 PM, 19 July

ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအဝင်ဥရောပအဆင့်ပြိုုင်ပွဲတွေမှာပြန်လည်လွှမ်းမိုးခွင့်ရရေးအတွက်နည်းပြတန်ဟတ်ရဲ့ဦးဆောင်မှုနဲ့အတူပြင်ဆင်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းက ကလပ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မပေးထားနိုင်တာကြောင့် တဲလက်စ်ကို ဆော်ဒီလိဂ်မြေတွင် သွားရောက်ကစားခွင့် ပြုတော့မှာပဲဖြစ်ပါတယ်။

နည်းပြ ဆိုးရှားကိုင်တွင်စဉ်မှာ ယူနိုက်တက်အသင်းက တဲလက်စ်ကို ပေါ်တိုအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၅.၄သန်းဖြင့် ပေးချေခေါ်ယူထားခဲ့တာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်ခဲ့ဘဲ ၂၀၂၂-၂၃ ဘောလုံးရာသီတွင် လာလီဂါကလပ် ဆီဗီလာအသင်းကို အငှားသွားရောက်ကာ ကစားစေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် ပြင်ဆင်မှုအဓိကပြုလုပ်ရန် စီစဉ်နေပြီးပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမား မေဆင်မောင့်ကိုဂန္ဓဝင် ကျောနံပါတ် ၇ပေးကာ ခေါ်ယူထားခဲ့တာလည်းဖြစ်သလို ဂေါ်ရက်ဇ်ကာကိုပါ ချန်ရွယ်နေပြီး ကစားသမားအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းတွင် ပျော်ရွှေင်နေတာကြောင့် မြူးနစ်အခြေစိုက် ကလပ်အသင်းတွင် ဆက်ကစားခွင့်ရရေးအတွက် ဆန္ဒရှိနေချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းပါအဝင် ဥရောပထိပ်သီးအသင်း ၃သင်းခန့်က ခေါ်ယူရန် စိတ်ဝင်စားနေပေမဲ့ ကစားသမားအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်းကျန်နေတာဖြစ်ပါတယ်။

ဆီဗီလာအသင်းတွင် အငှားသွားရောက်ကစားစဉ် ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့တဲ့ တဲလက်စ်အတွက် ရော်နယ်ဒို ပါဝင်ကစားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄သန်းဖြင့် ပေးချေခေါ်ယူကာ ရော်နယ်ဒိုနဲ့ ပူးပေါင်းစေတော့မှာပဲ ဖြစ်ပါတယ်။

#ဆီဗီလာ #အပြောင်းအရွှေ့ #တဲလက်စ် #ရော်နယ်ဒို