ရှေ့သို့
Image

ယူနိုက်တက်သို့ အိုနာနာရောက်ရှိလာတာနဲ့ နော်တင်ဟမ်ဖောရက်စ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဒင်းဟန်ဒါဆန်

10:36 AM, 17 July

မန်ချက်စတာယူနိုက်တက်သို့ အန်ဒရေအိုနာနာရောက်ရှိလာတာနဲ့တပြိုင်နက် အသင်းရဲ့ဂိုးသမား ဒင်းဟန်ဒါဆန်က နော်တင်ဟမ်ဖောရက်စ်သို့ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

ယူနိုက်တက်သို့ အသက် -၂၆ နှစ်အရွယ် အင်တာမီလန်ဂိုးသမား အိုနာနာ ရောက်ရှိလာတာနဲ့ ဟန်ဒါဆန်ကလည်း နော်တင်ဟမ်ဖောရက်စ်သို့ အပြီးသတ်ပြောင်းရွှေ့ရန် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အိုနာနာအတွက် ပေါင် ၄၃ သန်းနဲ့ အပြီးသတ်သဘောတူညီမှုရရှိခဲ့တာကြောင့် အခုအခါ အသင်းဂိုးသမား ဟန်ဒါဆန်ကို ပေါင်သန်း ၂၀ နဲ့ရောင်းချနိုင်ပါက ယူနိုက်တက်ဟာ အကယ်ဒမီကစားသမားထံမှ ကြီးမားတဲ့ပြောင်းရွှေ့ကြေးကိုရရှိမှာပဲဖြစ်ပါတယ်။

အင်တာမီလန်မှာ တစ်ရာသီကြာ ကစားခဲ့တဲ့ ကင်မရွန်းဂိုးသမားအတွက် ယူနိုက်တက်နဲ့ အင်တာမီလန်တို့အကြား ဆွေးနွေးမှုဟာ နိဂုံးချုပ်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။ အိုနာနာဟာ အင်တာမီလန်အတွက် ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ ကိုပါအီတလီယာနဲ့ စူပါကိုပါအီတလီယာနာဖလားများကို ဆွတ်ခူးခဲ့ကာ ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီဂီယာထွက်ခွာသွားပြီးနောက် နံပါတ် ၁ ဂိုးသမားနေရာ အရေးတကြီးလိုအပ်နေတဲ့ ယူနိုက်တက်ဟာ အသက် ၃၇ နှစ်အရွယ် တွန်ဟီတန်ကို အရန်ဂိုးသမားအဖြစ် တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့ ဂျပန်ကလပ် အူရာဝါရက်ဒ်စ်ရဲ့ဂိုးသမား ဇီယွန်ဆူဇူကီ ကလည်း လူတန်တောင်းသို့ ပေါင် ၅ သန်းနဲ့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ပါတယ်။

အဆိုပါ အသက်-၂၀ အရွယ် ဂိုးသမားဟာ အသက်-၁၆ နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကာ ကလပ်ရဲ့သမိုင်းတွင် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး ယမန်နှစ်က ဂျပန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ပါဝင်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန် #နောတင်ဟမ်ဖောရက်စ် #အိုနာနာ