ရှေ့သို့
Image

ဖရက်ဒ်အတွက် ဂါလာတာစာရေးရဲ့ကမ်းလှမ်းမှုကို ယူနိုက်တက် ပယ်ချ

10:46 AM, 15 July

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ဖရက်ဒ်အတွက် ဂါလာတာစာရေးရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဖူလ်ဟမ်နဲ့ ဆော်ဒီကလပ်တွေကလည်း ပစ်မှတ်ထားနေပါတယ်။

ဘရာဇီးသားဟာ မေဆင်မောင့်ရောက်လာမှုနဲ့အတူ အခုနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းက ဖရက်ဒ်အတွက် ဂါလာတာစာရေးအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

တူရကီကလပ်အနေနဲ့ ဆက်တိုးမြှင့်ကမ်းလှမ်းမလားဆိုတာ မသေချာသေးတာဖြစ်ပြီး ဖရက်ဒ်ကို ဖူလ်ဟမ်နဲ့ ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ မာကိုဆေးလ်ဗားဟာ ဖရက်ဒ်ရဲ့အမာခံပရိသတ်ဖြစ်သလို သူ့ကိုအသင်းထံ ခေါ်ယူချင်နေပါတယ်။

ဖူလ်ဟမ်ဟာ တိုက်စစ်မှူး မီထရိုဗစ်ကို ဆော်ဒီအသင်းထံ လက်လွှတ်ရနိုင်တာဖြစ်ပြီး အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။ တကယ်လို့ မီထရိုဗစ် ပြောင်းဖြစ်ခဲ့ရင် ဖရက်ဒ်နဲ့ ဆော်ဒီမှာ ပေါင်းဆုံဖွယ်ရှိနေပါတယ်။ မကြာသေးခင်တုန်းက အေးဂျင့်အပြောင်းအလဲကြောင့် ယူနိုက်တက်ကနေ ထွက်ဖို့ သေချာသလောက်ရှိခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲ ဝင်လာနေပြီး အသင်းမှာဆက်နေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဖူလ်ဟမ်အနေနဲ့ ဖရက်ဒ်ကို ခေါ်ယူချင်တယ်ဆိုရင် ယူနိုက်တက်တောင်းဆိုတဲ့ ပေါင်သန်း ၂၀ ကို ပေးနိုင်ဖို့  လိုအပ်နေပါတယ်။

ဂါလာတာစာရေးကတော့ ဖရက်ဒ်အတွက် ပထမဆုံးတရားဝင်ကမ်းလှမ်းတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #အပြောင်းအရွှေ့ #ဖရက်ဒ်