ရှေ့သို့
Image

ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ ဆော်ဒီပြောင်းခဲ့ရင် ကိုင်ဆီဒိုကို ကြားဖြတ်လုယူဖို့ လီဗာပူးပြင်ဆင်နေ

9:44 AM, 15 July

သတင်းတွေအရ လီဗာပူးအသင်းဟာ ချဲလ်ဆီးပစ်မှတ် ဘရိုက်တန်စတား ကိုင်ဆီဒိုကို ကြားဖြတ်လုယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘရိုက်တန်စတားဟာ ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အခုနွေရာသီမှာ အသင်းတော်တော်များများက ခေါ်ယူချင်နေကြတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ဘရိုက်တန်အသင်းနဲ့ စကားပြောခဲ့ပေမယ့် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

သတင်းတွေအရ လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို စိတ်ဝင်စားလာတယ်လို့ ဖော်ပြနေကြပါတယ်။ ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ ဆော်ဒီကိုပြောင်းဖြစ်ခဲ့ရင် ကိုင်ဆီဒိုကိုခေါ်ယူရေးက ဖြစ်လာနိုင်တာဖြစ်ပါတယ်။

ကိုင်ဆီဒိုကို ဘရိုက်တန်အသင်းက အာဆင်နယ်ကိုပြောင်းခဲ့တဲ့ ရိုက်စ်တန်ကြေးအတိုင် ပေါင်သန်း ၁၀၀ သတ်မှတ်ထားပါတယ်။ ဟန်ဒါဆန်ကတော့ အသင်းဖော်ဟောင်း ဂျရတ်ရှိတဲ့ အယ်လ်အက်တီဖက်အသင်းထံပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

သတင်းတွေအရ ဟန်ဒါဆန်တစ်ယောက် တစ်ပတ်လုပ်ခပေါင် ၇ သိန်းရရှိမယ်လို့ သိရပါတယ်။ ဟန်ဒါဆန်ဟာ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပေမယ့် အန်ဖီးလ်ကနေ ထွက်ခွာမှာဖြစ်ပြီး လီဗာပူးဘက်က သဘောတူညီမှုကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်နဲ့တော့ ဟန်ဒါဆန်နဲ့စကားပြောထားပြီးဖြစ်ကာ မီးစိမ်းပြဖို့ပဲ ကျန်တော့တာဖြစ်ပါတယ်။

ဖာဘင်ဟိုကို အယ်လ်အီတီဟက်အသင်းက စိတ်ဝင်စားနေပြီး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးအသင်းဟာ အခုနွေရာသီမှာ ကွင်းလယ်လူ ၂ ဦးခေါ်ယူထားပြီးဖြစ်ကာ အလစ္စတာ နဲ့ ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူထားခဲ့ပါတယ်။

အယ်လ်ကန်တာရာကလည်း လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေပါတယ်။ ကလော့ပ်ကတော့ အခုနွေရာသီမှာ ကွင်းလယ်ပိုင်းတစ်ခုလုံးကို အစားထိုးဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဖာဘင်ဟို #ဂျော်ဒန်ဟန်ဒါဆန် #ကိုင်ဆီဒို