ရှေ့သို့
Image

ကျွန်တော် ရမ်ဆေးကို ယူနိုက်တက်ကို ပြောင်းစေချင်ခဲ့တာပါလို့ ကာဒစ်ဖ်နည်းပြဟောင်း ဒေ့ဗ်ဂျုံးစ် ပြောကြား

9:41 AM, 15 July

ကာဒစ်ဖ်အသင်းနည်းပြဟောင်း ဒေ့ဗ်ဂျုံးစ်က မိမိအနေနဲ့ အာရွန်ရမ်ဆေးကို ယူနိုက်တက်အသင်းထံ ပြောင်းစေချင်ခဲ့ပေမယ့် သူက ဖာဂူဆန်ကို ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၃၂ နှစ်သားဟာ ကာဒစ်ဖ်အသင်းထံ အလွတ်နဲ့ပြန်လည် ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ဂျုံးစ်က ၂၀၀၈ ခုနှစ်တုန်းက ရမ်ဆေးအသင်းကို အငှားကနေ ပြန်လာချိန်မှာ ယူနိုက်တက်ကို မပယ်ချဘူးလို့ ထင်ခဲ့တာပါ။

“သူ့ကို အာဆင်နယ်ထံ လက်လွှတ်လိုက်ရပါတယ်။ အာဆင်နယ် နဲ့ ယူနိုက်တက်က မခေါ်ခင် သူပွဲ ၂၀ လောက်တောင် မကစားခဲ့ရပါဘူး။ ကျွန်တော့်အမြင်အရ သူ့ကို ယူနိုက်တက်ထံပဲ ပြောင်းစေချင်တာပါ။ ဘာလို့လဲဆိုတော့ ဆာအဲလက်စ်ဘက်က သူ့ကို အငှားနဲ့ပြန်စေလွှတ်မှာကြောင့်ပါ။ ဒါပေမယ့် သူအာဆင်နယ်ကို သွားချင်တယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဝင်းဂါးက သူ့လက်အောက်မှာ ကစားစေချင်တာပါ”လို့ ဂျုံးစ်က ပြောကြားခဲ့ပါတယ်။

ရမ်ဆေးဟာ ကာဒစ်ဖ်လူငယ်အသင်းထံကနေ တစ်ဆင့်ချင်းတက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပြီး အသက် ၁၆ နှစ် ၊ ၁၂၄ ရက်နဲ့ ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ စီနီယာအသင်းအတွက် ၂၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး အဲ့ထဲက ၁၁ ပွဲကို လိဂ်ပွဲမှာ ပါဝင်ခွင့်ရခဲ့ကာ ၂၀၀၈ တုန်းက အဲဗာတန်၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့က ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကာဒစ်ဖ်နဲ့ပြောင်းရွှေ့ကြေးသဘောတူညီမှုရခဲ့ပေမယ့် ကစားသမားက ဝင်းဂါးနဲ့ တွေ့ပြီးနောက် အာဆင်နယ်ကိုပြောင်းခဲ့ပါတယ်။ ရမ်ဆေးဟာ အာဆင်နယ်မှာ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း ၂၅၀ ကျော်အပြင် ၂၀၁၉ တုန်းက ဂျူဗင်တပ်စ်ကို မပြောင်းခင် အက်ဖ်အေဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် နိုက်စ်အသင်းကိုမပြောင်းခင် ရိန်းဂျားစ်အသင်းမှာ အငှားကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၃၄ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

နိုက်စ်ကနေ ထွက်ခွာပြီးနောက် ဝေးလ်အသင်းခေါင်းဆောင်ဟောင်းက ကာဒစ်ဖ်ကိုပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ “တကယ်ကောင်းတဲ့အပြောင်းအရွှေ့ပါ။ ကစားသမားကောင်းတစ်ဦးကို ရလိုက်တာပါ။ သူက အသက်အရွယ်ကောင်းဖြစ်သလို ကိုယ့်ကိုကိုယ်လည်း ထိန်းသိမ်းထားနိုင်ပါတယ်။ ကစားသမားအများစုဟာ ဘဝမှာအတက်အကျတွေ များတတ်ပါတယ်။ အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့ နိုက်စ်အသင်းတွေမှာ သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ထိပ်တန်းအဆင့်တစ်ခုမှာ ကစားနိုင်ဦးမယ်ဆိုတာ လူအတော်များများသိပါတယ်။ ဒါပေမယ့် အခုအပြောင်းအရွှေ့က ကာဒစ်ဖ်အတွက်ပိုအကျိုးရှိပါတယ်”လို့ ဂျုံးစ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရမ်ဆေး #ဒေ့ဗ်ဂျုံးစ်