ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ ကိုင်လီဝေါ်ကာ

9:32 AM, 15 July

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးစတား ကိုင်လီဝေါ်ကာကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်သားဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး ဂျာမန်မြေကို ပြောင်းချင်နေပါတယ်။ စာချုပ်သက်တမ်းက ၂ နှစ် + ၁ နှစ် အပိုသက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ စကိုင်းဂျာမန်သတင်းထောက် ပလက်တန်ဘာ့ဂျ်က သတင်းပေးပို့ထားပါတယ်။ ဝေါ်ကာနဲ့ မန်စီးတီးတို့ကြား စာချုပ်သက်တမ်းက ၁ နှစ်ကျန်နေသေးတာဖြစ်ပြီး ဘိုင်ယန်က စီးတီးနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ဝေါ်ကာဟာ တူချယ်တာဝန်ယူထားတဲ့ ဘိုင်ယန်မှာ ညာနောက်ခံအဖြစ် ကစားရမှာဖြစ်ပြီး လာမယ့်ရာသီသစ်မတိုင်ခင် အပြီးသတ်ခေါ်ယူချင်နေပါတယ်။ အသက် ၃၃ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတွေက ဂွါဒီယိုလာရဲ့အသင်းမှာ အရေးပါတဲ့သူဖြစ်ခဲ့ပြီး အဓိကပွဲတော်တော်များများမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

စီးတီးကတော့ သူတို့လိုချင်တဲ့ တန်ကြေးမျိုးရရင် လက်လွှတ်ဖွယ်ရှိနေပြီး ညာနောက်ခံလူူသစ်ရှာဖွေဖို့ ပြင်ဆင်နေပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ကိုင်လီဝေါ်ကာ #ဘိုင်ယန်မြူးနစ်