ရှေ့သို့
Image

ချဲလ်ဆီးအသင်းမှ ထွက်ခွာသွားတဲ့ မေဆင်မောင့်ကို ဆုတောင်းပေးလိုက်တဲ့ လမ်းပတ်

3:02 PM, 14 July

လမ်းပတ်က မေဆင်မောင့်ကို ယူနိုက်တက်အတွက် အံ့ဖွယ်ကစားသမားတစ်ဦးဖြစ်လာဖို့ ဆုတောင်းပေးခဲ့သော်လည်း ချဲလ်ဆီးတွင် ၎င်းကို ဆက်ရှိနေစေလိုကြောင်း ဝန်ခံခဲ့ပါတယ်။

မေဆင်မောင့်သည် ချဲလ်ဆီးနှင့် စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပျက်ပြားသွားပြီးနောက် ယခုလအစောပိုင်းတွင် ယူနိုက်တက်သို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် တန်ဟက်၏ ထိပ်တန်းပစ်မှတ်များထဲမှ တစ်ဦးဖြစ်သည့် အင်္ဂလန်လက်ရွေးစင်ကစားသမားအား ချန်ပီယံရှစ်ဒါဘီကောင်တီတွင် တစ်ရာသီအငှားဖြင့်သွားရောက်ကစားပြီး ချဲလ်ဆီးသို့ ပြန်လည်ရောက်ရှိချိန်မှာ ပွဲဦးထွက်ခွင့်အား လမ်းပတ်က ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့်ရာသီကုန်ခါနီး ချဲလ်ဆီးတွင် ယာယီမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်စဉ် မေဆင်မောင့်နှင့် ပြန်လည် လက်တွဲခဲ့သည့် လမ်းပတ်က အသက် ၂၄ နှစ်အရွယ် ကစားသမားသည် ယူနိုက်တက်တွင် ၎င်း၏ကစားပုံကို မြှင့်တင်လိမ့်မည်ဟု ယုံကြည်နေကြောင်းပြောခဲ့ပါတယ်။

" ဒီအပြောင်းအရွှေ့အဖြစ်ခင်ကတော့ ရှုပ်ထွေးနေပြီး သူကလည်း ချဲလ်ဆီးနဲ့ စာချုပ်ကျန်ပါသေးတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက်မှတ်ရေးထိုးမှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ မေဆင်မောင့် အကြောင်း ကျွန်တော်ပြောချင်တာက ခေတ်သစ်ကစားသမားတွေ အကြောင်းနဲ့ ပြောင်းလဲသွားတဲ့ ကစားပုံတွေအကြောင်း ၊ စိတ်နေစိတ်ထားနဲ့ ကတိကဝတ်နဲ့ အရည်အသွေးတို့ဖြစ်ပါတယ်။ အဲဒါက မေဆင်မောင့်နဲ့ တွဲလုပ်ရတဲ့အခါ ကျွန်တော်ကြိုက်တဲ့အချက်တွေပဲဖြစ်ပါတယ်။ သူက နေ့တိုင်း သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေလုပ်ပြီး အများကြီးပေးခဲ့တယ်။ သူ့ကို လုပ်ခိုင်းတာ ဘာမဆို လုပ်တဲ့သူပါ။ ဘယ်ကစားသမားမဆို ဒီလိုမျိုး ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဆန္ဒတွေရှိရမယ်လို့ ထင်ပါတယ်။ လိုချင်တဲ့အရာကို ခိုင်းလိုက်ရင် ထပ်ခါထပ်ခါလုပ်တဲ့သူတစ်ယောက်ဖြစ်ပြီး အရည်အချင်းလည်းရှိတယ်။ ဒါကြောင့် ယူနိုက်တက်ဆီ မေဆင်မောင့်က အရည်အချင်းတွေ အများကြီးကို ယူဆောင်လာလိမ့်မယ်၊ ဒါပေမယ့် သူက နောက်တစ်ဆင့်ကို တက်လှမ်းသွားတော့မှာပါ။ ကျွန်တော့်ပြောတာကို အထင်မလွဲပါနဲ့၊ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စမဲရိုးတို့ရဲ့ အဆင့်အတန်းက အနေအထားတစ်ခုမှာရှိပြီးသားပါ။ အသင်းတစ်သင်းရဲ့ အသင်းအဖွဲ့စိတ်ဓာတ်၊ သူတို့ရဲ့ အရည်အချင်းတွေနဲ့ အရာအားလုံးကို ဖြည့်ဆည်းပေးမယ့် ကစားသမားတွေကို တည်ဆောက်ဖို့ ကြိုးစားမယ်ဆိုရင် သူနဲ့ ကိုက်ညီပါတယ်။ မေဆင်မောင့်က အဲဒီ့မှာ ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

မေဆင်မောင့်က ဘာကြောင့် ချဲလ်ဆီးကနေ ထွက်ခွာရသလဲ လို့ မေးရာမှာ လမ်းပတ်က "မေဆင်မောင့်ဟာ သူ့ရဲ့ ကစားသမားဘဝ တော်တော်များများကို ချဲလ်ဆီးမှာ ဆက်နေဖို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မျှော်မှန်းခဲ့တာ ဖြစ်မယ်ထင်တယ်။ အခြေအနေတွေ၊ သူ့ရဲ့ စာချုပ်အခြေအနေတွေကို ကျွန်တော်တွေးကြည့်တော့ သူက ချဲလ်ဆီးကို အရမ်းချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခုခေတ်မှာလည်း ကျွန်တော့်ခေတ်ကထက် ကစားသမားတွေရဲ့ အပြောင်းအရွှေ့က များပါတယ်။ ဒီအခြေအနေက မေဆင်မောင့် အတွက်တော့်စိန်ခေါ်မှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ သူ့ကို ချဲလ်ဆီးမှာ ဆက်မြင်ချင်ခဲ့ပေမယ့်အဲဒါ မဖြစ်ခဲ့ဘူး"လို့ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #မေဆင်မောင့် #ပရီးမီးယားလိဂ်