ရှေ့သို့
Image

ဆော်ဒီကလပ်အယ်ဟီလယ်ရဲ့ မီထရိုဗစ်အတွက် ပေါင် ၂၅.၅ သန်းဖြင့် ကမ်းလှမ်းမှုကို ဖူလ်ဟမ်ပယ်ချ

11:30 AM, 13 July

ဆားဘီးယား တိုက်စစ်မှူး မီထရိုဗစ်သည် ဖူလ်ဟမ်အသင်းမှ အယ်ဟီလယ်အသင်းသို့ ထွက်ခွာလိုကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ ဆော်ဒီပရိုလိဂ်အသင်းသည် အဆိုပါတိုက်စစ်မှူးအတွက် ပေါင် ၂၅.၅ သန်း ကမ်းလှမ်းခဲ့သော်လည်း ဖူလ်ဟမ်အသင်းက ပယ်ချခဲ့ကြောင်းသိရပါတယ်။

မီထရိုဗစ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ၂၄ ပွဲတွင် ၁၄ ဂိုး သွင်းယူထားပြီး အဆိုပါ ၂၈ နှစ် အရွယ်တိုက်စစ်မှူးဟာ ယခုအပြောင်းအရွှေ့ကာလမှာ ဆော်ဒီကို ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဖူလ်ဟမ်သည် အယ်ဟီလယ်အသင်း၏ ပေါင် ၂၅.၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ၎င်းတို့၏ ကြယ်ပွင့်တိုက်စစ်မှူးကို ရောင်းချရန် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အယ်ဟီလယ်အသင်းသည် ရူဘင်နီဗက်စ်နှင့် ကူလီဘာလီတို့ကို ဝယ်ယူပြီးနောက် အဆိုပါပရီးမီးယားလိဂ် ကြယ်ပွင့်တိုက်စစ်မှူး အတွက် ပေါင် ၂၅.၅ သန်းဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ရူဘင်နီဗက်စ်ဟာ ဝုဗ်အသင်းကနေ ပေါင် ၄၇ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းမှ ကူလီဘာလီသည် ပေါင် ၁၇ သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မီထရိုဗစ်သည် ၂၀၁၈ ခုနှစ်တွင် နယူးကာဆယ်အသင်းမှ ဖူလ်ဟမ်သို့ အငှားဖြင့် လာရောက်ကစားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဖူလ်ဟမ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သူဟာ ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်အောင် နှစ်ကြိမ်တိုင်တိုင် ကူညီပေးခဲ့ပြီး ချန်ပီယံရှစ်မှာ ဂိုးသွင်းစံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

အရပ် ၆ပေ ၂လက်မရှိတဲ့ မီထရိုဗစ်ဟာ ၂၀၂၁-၂၀၂၂ ရာသီက ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၄၃ ဂိုး သွင်းယူနိုင်ခဲ့ကာ ရာသီတစ်ခုတည်းမှာ အခြားချန်ပီယံရှစ်ကစားသမားများထက် ပိုများတဲ့ ပမာဏဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၎င်းဟာ ကစားသမား သက်တမ်းတစ်လျှောက် ၂၀၅ ပွဲကစားပြီး ၁၁၁ ဂိုး သွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးအပါအဝင် ဆားဘီးယားအသင်း အတွက် ၈၁ ပွဲမှာ ၅၂ ဂိုး သွင်းယူနိုင်ခဲ့ မီထရိုဗစ်ဟာ သူ့နိုင်ငံအတွက် အထင်ကြီးစရာကောင်းတဲ့ မှတ်တမ်းလည်း ရှိနေပါတယ်။ မီထရိုဗစ်သည် အက်ဖ်အေဖလားတွင် ယူနိုက်တက်ကို ရှုံးပြီးနောက် ဧပြီလက ရရှိခဲ့သော ၈ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ဖူလ်ဟမ်အသင်းအတွက် ၂၄ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

အီတလီမီဒီယာများ၏ သတင်းများအရ အယ်ဟီလယ်အသင်းသည် မီထရိုဗစ်၏ လက်ရွေးစင်အသင်းဖော် မီလင်ကိုဗစ် ဆာဗစ်ကိုလည်း ပေါင် ၃၄ သန်းဖြင့် ခေါ်ယူရန် နီးစပ်နေပြီဟု သိရပါတယ်။

#အပြောင်းအရွှေ့ #မီထရိုဗစ် #ဖူလ်ဟမ်