ရှေ့သို့
Image

လိဒ်အသင်းနဲ့ ပွဲစဉ်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရတဲ့ မာရှယ်

2:45 PM, 12 July

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်တိုနီမာရှယ်ဟာ လိဒ်အသင်းနဲ့ ကစားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်အတွက် နည်းပြတန်ဟက်ရဲ့လူစာရင်းမှာ မပါ၀င်လာဘဲ အသင်းမှ ချန်လှပ်ခြင်းကိုခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ တန်ဟက်စီစဉ်ထားတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်  ၈ ပွဲအနက် ပထမဆုံးပွဲစဉ်အဖြစ် လိဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အသင်းရဲ့လက်ရွေးစင်ကစားသမား အများစုမပါ၀င်တဲ့ အဆိုပါခြေစမ်းပွဲစဉ်မှာ မာတီနက်စ်၊ ဗာရန်း၊ ဆန်ချိုနဲ့ ၀မ်ဘစ်ဆာကာတို့ပါ၀င်ပါတယ်။ မာရှယ်ဟာလည်း ခြေစမ်းပွဲမှာပါ၀င်ဖို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် အခုအခါ တန်ဟက်က ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

သို့သော် တန်ဟက်ဟာ မာရှယ်ကို စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း သတင်းများထွက်ပေါ်နေပြီး အဆိုပါပြင်သစ်သားရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေ အရှိန်မြင့်လာနေပါတယ်။ မာရှယ်ဟာ ဇွန်လက မန်စီးတီးကို ရှူံးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာမသက်သာသေးတာကြောင့် လူစာရင်းကနေ ထုတ်ပယ်ခဲ့တာလို့လည်း သတင်းများထွက်ပေါ်နေပါတယ်။

မေလ ၂၈ ရက်နေ့က ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ နောက်ဆုံး‌ပွဲထွက်ခွင့်ရရှိခဲ့တဲ့ မာရှယ်ဟာ မန်စီးတီးနဲ့၀င်ဘာလေမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ပယ်ချခံခဲ့ရပါသေးတယ်။ ယခုအခါ ဒဏ်ရာကပြင်းထန်နေပြီး နောက်ထပ်သုံးပတ်လောက်အထိ ကြံ့ခိုင်မှုပြည့်၀မှာ မဟုတ်သေးကြောင်း သိရှိရပါတယ်။

အသင်းမှာပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ နယ်သာလန်သား ဗန်ဒီဘိခ်ဟာလည်း ဒူးဒဏ်ရာမှပြန်လည် သက်သာ‌လာပြီးနောက် အသင်းရဲ့တစ်ဦးချင်းလေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါ၀င်လာပါတယ်။ အဆိုပါလိဒ်အသင်းနဲ့ ပွဲစဉ်ကို ပေါင်ဒဏ်ရာမှပြန်လည် သက်သာလာတာမကြာသေးတဲ့ ဒင်းဟန်ဒါဆန်လည်း လွဲချော်သွားမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိဒ်စ်ယူနိုက်တက် #မာရှယ် #ခြေစမ်းပွဲ