ရှေ့သို့
Image

ချဲလ်ဆီးတိုက်စစ်မှူး ဒေးဗစ်ဖိုဖာနာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ ယူနီယံဘာလင်

4:26 PM, 11 July

ဘွန်ဒက်စ်လီဂါကလပ်ယူနီယံဘာလင်က ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဒေးဗစ်ဖိုဖာနာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မိုလ်ဒီမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ကြေးယူရို ၁၂ သန်းနဲ့ ရောက်ရှိလာတဲ့ ဖိုဖာနာက ချဲလ်ဆီးနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်မယ့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အသက်-၂၀ နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် သုံးပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။

နော်ဝေမြေမှာ ကစားခဲ့ချိန်အတွင်း ဖိုဖာနာက မိုလ်ဒီအတွက် ၆၅ ပွဲကစား၊ ၂၄ ဂိုးအထိ သွင်းယူပေးခဲ့သလို အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက်လည်း သုံးပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ ယူနီယံဘာလင်က အခုနွေရာသီအပြောင်းအရွှေ့မှာ လိဒ်ယူနိုက်တက်ကွင်းလယ်လူ အာရွန်ဆန်ကို အငှားနဲ့ခေါ်ယူထားသလို ပေါ်တူဂီခံစစ်မှူးဒီယေဂိုလိုက်တီနဲ့ ဒိန်းမတ်တိုက်စစ်မှူးကတ်ဖ်မန်းတို့ကို အပြီးသတ်ခေါ်ယူထားပါတယ်။

#ချဲလ်ဆီး #ယူနီယံ ဘာလင် #အပြောင်းအရွှေ့ #ဖိုဖာနာ