ရှေ့သို့
Image

နွေရာသီရဲ့ပထမဆုံး ခေါ်ယူမှုလုပ်နိုင်တော့မယ့် အဲဗာတန်

10:29 AM, 11 July

အဲဗာတန်အသင်းဟာ အခုနွေရာသီရဲ့ပထမဆုံး ခေါ်ယူမှုအဖြစ် အသက် ၃၈ နှစ်အရွယ် အက်ရှလေယန်းကို ၁ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ ဆွေးနွေးမှုတွေက အဆင်ပြေနေပြီး အခုအပတ်ထဲမှာ ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။

အဲဗာတန်ဟာ တနလာၤနေ့တုန်းက ရာသီကြိုခြေစမ်းပွဲအတွက် ဆွစ်ဇာလန်ကို သွားခဲ့တာဖြစ်ပြီး နောက်တန်း ကစားသမားတွေဖြစ်တဲ့ ဟိုးလ်ဂိတ်နဲ့ မိုင်ကိုလန်ကိုတို့ကတော့ ဒဏ်ရာကြောင့် ကျန်နေခဲ့ရပါတယ်။ အင်္ဂလန်ကစားသမားဟောင်းဟာ ဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်နဲ့ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဗီလာကိုမပြောင်းခင် အင်္ဂလန်သားဟောင်းကို ပရီးမီးယားလိဂ်အခြားကလပ်တွေက ချိတ်ဆက်ခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ အခုချိန်မှာလည်း အခြားပရီးမီးယားလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုကို ငြင်းဆန်ပြီး အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ တုန်းက ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သလို ၂၀၂၁ တုန်းက အင်တာနဲ့အတူ စီးရီးအေ ချန်ပီယံဖြစ်ခဲ့တာကြောင့် ယန်းဟာ အဲဗာတန်အတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေယူဆောင်လာနိုင်မှာဖြစ်ပါတယ်။ အဲဗာတန်ဟာ ၂ ရာသီဆက် တန်းဆင်းဇုန်ကနေ ကပ်ပြီးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

အသင်းဟာ လူငယ်ကစားသမားတွေကို လက်လွှတ်ခဲ့ရသလို အဲ့ထဲမှာ တွမ်ဒေးဗီးစ်နဲ့ အီလစ်ဆင်းမ်တို့ပါဝင်နေပါတယ်။ ဒါ့အပြင် တောင်ဆန်ကလည်း အသင်းကနေ ထွက်ခွာမယ့်သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ဘန်လေအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေကာ ပြီးခဲ့တဲ့ရာသီတုန်းက ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ဟာ ကွင်းသစ်တည်ဆောက်မှုကြောင့် ဘဏ္ဍာရေးအခြေအနေခက်ခဲနေတာ ဖြစ်ပြီး ကစားသမားတွေ ထွက်ခွာမှုကနေ ငွေကြေးတစ်ရပ်ပြန်လည်ရရှိဖို့ များနေပါတယ်။ အဲဗာတန်ဟာ ခံစစ်ကိုအားဖြည့်ချင်နေပြီး မီနာက ဇွန်လမှာ ထွက်ခွာမှာဖြစ်ပြီး ကိုးလ်မန်းကလည်း လက်စတာအသင်းကို ၂-၂ သရေကျခဲ့တဲ့ ပွဲကတည်းက ဒဏ်ရာကြောင့် နားနေခဲ့ရတာ ဖြစ်ပါတယ်။

#အဲဗာတန် #အပြောင်းအရွှေ့ #အက်ရှလေယန်း