ရှေ့သို့
Image

ကွန်တီက တသင်းလုံးရှေ့မှာ မိမိကို ၂ နာရီလောက်ဆူခဲ့ကြောင်း ရစ်ချာလီဆန် ပြောကြား

9:51 AM, 11 July

တော့တင်ဟမ်စတား ရစ်ချာလီဆန်က ကွန်တီတစ်ယောက် တစ်သင်းလုံးရှေ့မှာ ၂ နာရီလောက်ဆူခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားတစ်ယောက် ပုံစံကောင်းမပြသနိုင်ခဲ့ပေမယ့်လည်း အသင်းမှာ ပွဲထွက်ခွင့်ရဖို့ လူသိရှင်ကြားတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အင်တာဗျူးတစ်ခုမှာ အမှားလုပ်ခဲ့ပြီး ပွဲထွက်ခွင့်ပိုတောင်းဆိုခဲ့ပါတယ်။ အဲ့နောက် ကျွန်တော် တောင်းပန်ခဲ့ပြီး အပြစ်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ငါကနည်းပြဖြစ်တာကြောင့် မင်းအနေနဲ့ သက်သေပြဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့နောက် အသင်းသားတွေအားလုံးရှေ့မှာ ၂ နာရီလောက် ကျွန်တော့်ကိုဆူခဲ့ပါတယ်”လို့ ရစ်ချာလီဆန်က ပြောကြားခဲ့ပါတယ်။

“ပထမဆုံး အနေနဲ့ ရစ်ချာလီဆန်ရဲ့အင်တာဗျူးကို ကြည့်ဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို မဝေဖန်ခဲ့ပါဘူး။ သူ့ရာသီက s*** ဖြစ်တယ်လို့ ပြောပါတယ်။ သူမှန်ပါတယ်။ သူ့ရာသီက မကောင်းခဲ့သလို သူဒဏ်ရာတွေရခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ကမ္ဘာ့ဖလားသွားကန်ခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ သူ့ရာသီကို  အရိုးသားဆုံးပြောရရင် မကောင်းပါဘူး။ သူ့ရာသီက မပြီးဆုံးသေးပါဘူး။ သူကစားဖို့ ထိုက်တန်တယ်ဆိုရင် ကျွန်တော် သူ့ကိုအခွင့်အရေးပေးမှာပါ။ ကျန်တဲ့အင်တာဗျူးမှာ သူအမှားလုပ်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ တော့တင်ဟမ်မှာ ရုန်းကန်နေရတာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂျိုတာရဲ့ဂိုးကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ရစ်ချာလီဆန် #ပရီးမီးယားလိဂ်