ရှေ့သို့
Image

ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်ခ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို ရှင်းပြခဲ့တဲ့ စတီဗင်ဂျရတ်

3:44 PM, 10 July

စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ် အယ်လ်အစ်တီဖတ်ခ်သို့ အံ့အားသင့်ဖွယ်ပြောင်းရွှေ့လာခဲ့ခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရိန်းဂျားစ်နဲ့ အက်စတွန်ဗီလာအသင်းရဲ့ နည်းပြဟောင်း စတီဗင်ဂျရတ်က အယ်လ်အစ်တီဖတ်ခ်သို့ပြောင်းရွှေ့ရန် ယခင်ကငြင်းဆိုခဲ့သော်လည်း ယခုပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချဖြစ်ခဲ့ပုံကိုရှင်းပြရာတွင် စိန်ခေါ်မှုအသစ်ရရှိရန် မျှော်လင့်ကြောင်းနဲ့ မိသားစုကျန်းမာရေးရဲ့ အရေးပါမှုအကြောင်းများပြောဆိုခဲ့ပြီး ဆော်ဒီလိဂ်ရဲ့ ဘောလုံးအပေါ်ထားတဲ့ ရည်မှန်းချက်တွေကိုလည်း ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ပါတယ်။

အယ်လ်အစ်တီဖတ်ခ်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုပြီးနောက် ဂျရတ်က " ကျွန်တော်ဒီအသင်းကို ပြောင်းရွှေ့ရတဲ့ အကြောင်းပြချက်များစွာရှိပါတယ်။ အသင်းဟာ ကစားသမားကောင်းတွေအများအပြားပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ကျွန်တော် ဆော်ဒီကို ရောက်တော့ ပရိသတ်တွေက နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပြီး မိသားစုဆိုတဲ့ခံစားချက်ကို ရရှိစေပါတယ်။ ကျွန်တော်အမြဲတမ်း ဦးစားပေးစဉ်းစားတဲ့အချက် ၃ ချက်ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့်မိသားစု အတွက် မှန်မှန်ကန်ကန်နဲ့အဆင်ပြေပြေဖြစ်ဖို့လိုပါတယ်။ ကျွန်တော့်ကို အမြဲတမ်းစိန်ခေါ်မှုတွေအတွက် လှုံ့ဆော်ပေးပေးနိုင်ပြီး စိတ်လှုပ်ရှားစရာကောင်းဖို့လိုပါတယ်။ ပြီးတော့အသင်းရဲ့ ဘောလုံးအပေါ်ထားတဲ့ ရည်မှန်းချက်ကို ကြီးကြီးမားမားရှိဖို့လိုပါတယ်။ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း မှန်ကန်ပြီး လုံခြုံတယ်လို့ခံစားရပါတယ်။ ပရိသတ်တွေနဲ့ ကစားသမားတွေကို တွေ့ရဖို့မစောင့်နိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်အခုတွေ့ဖူးသမျှ အယ်လ်အစ်တီဖတ်ခ်အသင်းက လူတွေကတော့ အလွန်ထူးချွန်ပြီး မကြာခင်မှာပဲ အသင်းနဲ့အတူကောင်းမွန်တဲ့ အရာတွေဝေမျှသွားနိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြောခဲ့ပါတယ်။

လီဗာပူးဂန္တဝင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်တွင် အဆင့် ၇ သာရရှိခဲ့တဲ့ အယ်လ်အစ်တီဖတ်ခ်အသင်းကို အားကောင်းလာစေဖို့ ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ယခုအခါ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရရှိနိုင်မယ့် ဇာဟာက သူ့ရဲ့ပစ်မှတ်တွေထဲကတစ်ခုဖြစ်ပါတယ်။

ဂျရတ်ဟာ ဆော်ဒီတွင်စာချုပ်စာတမ်းကိစ္စများကို အပြီးသတ်လုပ်ဆောင်နေပြီး ဩဂုတ်လ ၁၁ ရက်နေ့မှာ ရာသီအသစ်စတင်တော့မှာ ဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #စတီဗင်ဂျရတ်