ရှေ့သို့
Image

ဘိုင်ယန်ထံကနေ ဟာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ပီအက်စ်ဂျီ အတည်ပြု

9:01 AM, 10 July

ပီအက်စ်ဂျီအသင်းကတော့ ဘိုင်ယန်မြူးနစ်ထံကနေ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။

မေလတုန်းက လူးကပ်စ်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ယူဂါတီကို ခေါ်ယူဖို့အရင်လုပ်ဆောင်ခဲ့တာကြောင့် ဟာနန်ဒက်ဇ်အပြောင်းအရွှေ့က နောက်ကျခဲ့တာဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးက ၂ သင်းကြား ယူရိုသန်း ၅၀ နဲ့ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီက ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

မာဆေးလ်မှာ မွေးဖွားခဲ့တဲ့ လူးကပ်စ်ဟာ ပြင်သစ်မြေမှာ ဘယ်တုန်းကမှ မကစားဖူးတာဖြစ်ပြီး အသက် ၄ နှစ်မှာ စပိန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့နောက် တီကိုအကယ်ဒမီမှာ ဖြတ်သန်းခဲ့ပြီး ဘိုင်ယန်ထံ ၂၀၁၉ တုန်းက ယူရိုသန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျာမန်မြေမှာ ပြင်သစ်သားတစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပြီး ၄ ရာသီအတွင်း အသင်းအတွက် ၁၀၇ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ဒဏ်ရာပြဿနာတွေကြောင့် ဘိုင်ယန်အတွက် ၁၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

လူးကပ်စ်ဟာ ပဲရစ်မှာကြံ့ခိုင်မှုပြန်လည်တည်ဆောက်ရမှာဖြစ်ပြီး ဘိုင်ယန်က ဟာနန်ဒက်ဇ်နေရာမှာ ကင်မ်ဂျေမင်းနဲ့ အစားထိုးခဲ့ပါတယ်။ တောင်ကိုရီးယားသားရဲ့စာချုပ်သက်တမ်းကို ဘိုင်ယန်ဘက်က ပေးချေခဲ့ရတာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဟာနန်ဒက်ဇ်