ရှေ့သို့
Image

ဟွိုက်လန်းကို ဆွေးနွေးနေပေမယ့် တိုက်စစ်မှူးထပ်လိုချင်နေဆဲဖြစ်တဲ့ တန်ဟက်

11:08 AM, 9 July

ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းနေရာအတွက် အတ္တလန္တာတိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူချင်နေဆဲလို့ သိရပါတယ်။

တန်ဟက် အသင်းတိုက်စစ်မှာ ၂ ဦးလောက်အထိ ထားကစားချင်နေပြီး ယူနိုက်တက်မှရှိတဲ့တိုက်စစ်မှူးတွေရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက် ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

အတ္တလန္တာက ယူနိုက်တက်စတား မေဆင်ဂရင်းဝုဒ်ကို စိတ်ဝင်စားနေပြီး အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ ကိန်းရဲ့အနေအထားဟာ တော့တင်ဟမ်ဘက်က ပရီးမီးယားလိဂ်ပြိုင်ဘက်ထံ ရောင်းချလိုခြင်းမရှိတာဖြစ်ပါတယယ်။

ဘိုင်ယန်က ကိန်းအတွက် ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အခုလမှာ အသက် ၃၀ ပြည့်မယ့်ကိန်းဟာ တော့တင်ဟမ်အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေပြီး အသင်းဘက်ကတစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ရဲ့ပစ်မှတ်ထဲမှာ ဟိုဂျယ်လန်းအပြင် ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီလည်း ပါဝင်နေပါတယ်။ မန်ချက်စတာညနေခင်းသတင်းဌာနကတော့ မတ်လတုန်းက ယူနိုက်တက်ဟာ ဟွိုက်လန်း နဲ့ မူအာနီတို့ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အီလန်ဂါကို ပေါင် ၁၀ သန်းနဲ့ရောင်းချဖို့ ပြင်ဆင်နေကာ မာရှယ်အပြင် ဗန်ဒီဘိခ် နဲ့ ဆန်ချိုတို့ကိုလည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ပယ်လီစထရီက အငှားထွက်ခဲ့ပြီဖြစ်ကာ အာမက်ဒ်ကိုလည်း အငှားချဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ဟာ အသင်းမှာ မလိုအပ်တဲ့ကစားသမားတွေကိုရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

တန်ဟက်ဟာ ဂတ်ပိုကို ခေါ်ယူချင်ခဲ့ပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေက ဘတ်ဂျက်မထုတ်ပေးခဲ့တာကြောင့် လီဗာပူးက ခေါ်ယူသွားခဲ့ပါတယ်။

အဲ့နောက် ယူနိုက်တက်က ဝက်ဟော့စ်ကိုသာ အငှားနဲ့ခေါ်ယူခဲ့ပြီး အသင်းအတွက် ၃၁ ပွဲမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ဟွိုင်လန်း